ချဲလ်ဆီးအသင်းရဲ့ တိုက်စစ်မှူး မိုရာတာာအနေနဲ့ ချဲလ်ဆီးအသင်းကို မပြောင်းရွှေ့မီ စပါးနည်းပြ ပွန်ချက်တီနိုရဲ့ ကမ်းလှမ်းမှု ကို ပယ်ချခဲ့ဖူးတယ် လို့ ထုတ်ဖော်ပြောဆိုလာပါတယ်။

play

 

ပွန်ချက်တီနိုအနေနဲ့ မိုရာတာကို စပါးအသင်းမှာ လာကစားဖို့ စကားအရ ပြောကြားခဲ့ပေမယ့်လည်း မိုရာတာက ကိန်းရှိနေတာကြောင့် လာမက စားတော့ဘူးလို့ ငြင်းဆန်ခဲ့တာ ဖြစ်ပါတယ်။

"ပြီးခဲ့တဲ့ သြဂုတ်လတုန်းက မိုရာတာကို ခေါ်ယူဖို့ ပြောခဲ့ဖူးပါတယ်။ဒါပေမယ့် ကျွန်တော့်မှာ ကိန်းရှိနေရဲ့နဲ့ ဘာလို့ခေါ်တာလဲဆိုပြီး ပြန်ပေးခဲ့ ပါတယ်။" လို့ ပွန်ချက်တီနိုက ပြောခဲ့ပါတယ်။

အဆိုပါ ပြောစကားနဲ့ ပက်သက်ပြီး မိုရာတာက-" အမှန်က သူက ကျွန်တော်တို့ နှစ်ယောက်စလုံးကို လိုချင်နေတာပါ။ဒါပေမယ့် အဲ့ဒါကတော့ မဖြစ်နိုင်ပါဘူး။သေချာပြောရမယ်ဆိုရင် ကျွန်တော် ကိန်းနဲ့ တွဲဖက်ကစားချင်ပါတယ်။သူက အရမ်းတော်တဲ့ တိုက်စစ်မှူးကောင်းတစ်ယောက်ပါ။ ကမ္ဘာ့အကောင်းဆုံး တိုက်စစ်မှူးတွေထဲက တစ်ဦးအပါအ၀င်ပါ။အဲ့ဒီအချိန်တုန်းကလည်း ကျွန်တော် ရီးရဲက ထွက်ခွာခွင့်မရသေးပါဘူး။" လို့ မိုရာတာက ပြောခဲ့ပါတယ်။

မိုရာတာမှာ ပြီးခဲ့တဲ့ နွေရာသီက ချဲလ်ဆီးအသင်းကို ပြောင်းရွှေ့ခဲ့ပြီး ၂၅ ပွဲကစားကာ ၁၂ ဂိုးသွင်းယူပေးထားနိုင်ပါတယ်။

Source- Fox Sports

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video