AD
AD
AD

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ကွင်းလယ်ကစားသမား ပေါ့ဂ်ဘာဟာ ဆောက်သမ်တန်နဲ့ ဂိုးမရှိသရေကျခဲ့တဲ့ပွဲစဉ်အပြီးမှာ အသင်းဖော်တွေကို ပြန်လည်နိုးထဖို့အတွက် တိုက်တွန်းခဲ့တယ်လို့ သိရပါတယ်။

play

 

ခရစ်စမတ်ပွဲကြပ်ကာလမှာ လက်စတာ၊ ဘန်လေအသင်းတို့နဲ့ သရေကျခဲ့ပြီးနောက် စနေနေ့ညမှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ ဆောက်သမ်တန်အသင်းကိုလည်း သရေထပ်မံကျခဲ့တာကြောင့် အဆင့် ၃ နေရာအထိ ကျဆင်းသွားခဲ့ပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းရဲ့နည်းပြ မော်ရင်ဟိုအနေနဲ့လည်း ရလဒ်တွေ မကောင်းမွန်နေတဲ့ကြားထဲမှာ အဓိကကစားသမားတွေဖြစ်တဲ့ မိုဗစ်နဲ့ လူကာကူတို့ ဒဏ်ရာကြောင့် တစ်လခန့် အနားယူရမယ့် ဒဏ်ရာပြဿနာတွေ ပေါ်ပေါက်ခဲ့ပါတယ်။

play

 

"ကျွန်တော်တို့ မရှုံးနိမ့်ခဲ့ပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ ပြန်နိုးထဖို့တော့ လိုပါပြီ။ အရင်လိုခြေစွမ်းနဲ့ နိုင်ပွဲတွေဆီ ပြန်သွားဖို့ လိုပါတယ်"

"သရေထပ်ပြီး ကျခဲ့ပါတယ်။ အနိုင်ရရမယ့် သုံးပွဲမှာ သရေရလဒ်ပဲ ထွက်ပေါ်ခဲ့ပါတယ်။ တစ်ခုခုတော့ ပြောင်းလဲရပါလိမ့်မယ်။ အနိုင်ရရှိဖို့အတွက် တစ်ခုခုတော့ ပြောင်းလဲရပါမယ်"

"ဒီနေ့တစ်နေ့တည်းမဟုတ်ပါဘူး။ အဲဗာတန်အသင်းနဲ့ ကစားဖို့ရှိနေပါသေးတယ်။ ဘောလုံးဆိုတာ ဒါပဲ။ မနက်ဖန်ရဲ့ နောက်တစ်နေ့မှာ အဲဗာတန်အသင်းနဲ့ ယှဉ်ပြိုင်ပြီး အနိုင်ယူဖို့ လိုပါတယ်"လို့ ပြောကြားခဲ့ပါတယ်။

Source & Photos: Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD