AD
AD
AD
play

 

စနေနေ့ညက ယှဉ်ပြိုင်ကစားခဲ့ပြီး တစ်ဖက်နဲ့တစ်ဖက် ဂိုးမရှိ သရေကျခဲ့တဲ့ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ ဆောက်သမ်တန် အသင်းတို့ရဲ့ပွဲစဉ်မှာ မန်ချက်စတာယူနိုက်တက်အသင်းရဲ့တောင်ပံကစားသမား အက်ရှ်လေယန်းဟာ ဆောက်သမ်တန်အသင်းရဲ့ကစားသမား ဒူဆန်တာဒစ်ကို ဥပဒေပ တံတောင်နဲ့တွတ်ခဲ့ပါတယ်။

play

 

ယင်းဖြစ်ရပ်ဟာ ဒုတိယပိုင်း ၅၁ မိနစ်မှာ ဖြစ်ပျက်ခဲ့တာဖြစ်ပြီး ကွင်းလယ်ဒိုင် ခရိတ်ပေါ်ဆင်က မြင်တွေ့ခဲ့ခြင်းမရှိပေမယ့် အက်ရှ်လေယန်းအနေနဲ့ အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်ရဲ့နောက်ကြောင်းပြန် အရေးယူမှုကို ခံရဖွယ်ရှိနေတာဖြစ်ပါတယ်။ ဆောက်သမ်တန်အသင်းရဲ့ ပရိသတ်တွေဟာ ယင်းဖြစ်ရပ်ကို အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်ထံ တိုင်ကြားခဲ့ပြီး အနည်းဆုံး ၃ ပွဲပယ်ပြစ်ဒဏ် ကျခံရဖွယ်ရှိနေတာကြောင့် လာမယ့် ၆ ရက်အတွင်း အဲဗာတန်နဲ့ ဒါဘီကောင်တီအသင်းတို့နဲ့ယှဉ်ပြိုင်ကစားရမယ့်ပွဲစဉ်မှာ အက်ရှ်လေယန်းရဲ့နေရာမှာ အစားထိုးဖို့ မော်ရင်ဟိုအနေနဲ့ စဉ်းစားရတော့မှာဖြစ်ပါတယ်။

Source & Photos: Metro

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD