မကြာခင်မှာ ၂၀၁၇ ခုနှစ်ကို နှုတ်ဆက်ပြီး နှစ်သစ်ကို ကြိုဆိုရတော့မှာဖြစ်တဲ့အတွက် Duwun Sports ပရိသတ်ကြီးကို ရယ်မောစေနိုင်မယ့် ၂၀၁၇ ခုနှစ်အတွင်းက ဖြစ်ပျက်ခဲ့တဲ့ အားကစားလောကထဲက အရယ်ရဆုံးအဖြစ်အပျက် ၁၀ ခုကို ဖော်ပြပေးလိုက်ပါတယ်။

 

၁။ ငိုအားထက် ရယ်အားသန်ဖြစ်ခဲ့ရတဲ့ ခရစ်စီယာနိုရော်နယ်ဒိုရဲ့ ပုံတူရုပ်တု

play

အရမ်းများ တူသွားသလား။

 

၂။ မိုက်ကယ်ကားရစ်ရဲ့ဖောင်ဒေးရှင်းရန်ပုံငွေပွဲအတွက် ပွဲထွက်လူစာရင်းမှာ ကားရစ်ရဲ့နာမည် စာလုံးပေါင်းမှား

play

မိုက်ကယ်ကားတစ်ဆိုတာ ဘယ်သူပါလိမ့်။

 

၃။ ကမ္ဘာ့ဖလားခြေစစ်ပွဲအဖြစ် ယှဉ်ပြိုင်ကစားခဲ့တဲ့ နယူးဇီလန်နဲ့ဖီဂျီအသင်းတို့ရဲ့ပွဲစဉ်မှာ တွေ့ရတဲ့ ဝင်းဂါးဆန့်ကျင်ရေး ဆောင်ပုဒ်

play

ဘယ်သူ လာချိတ်သွားတာပါလိမ့်။

၎။ တော့တင်ဟမ်ဟော့စပါးအသင်းနဲ့ပွဲစဉ်မှာ လူတံတိုင်းနောက်ထဲ ဝင်ပုန်းနေခဲ့တဲ့ ကော်တင်ဟို

play

လူကောင်သေးတော့ ပုန်းလို့ လွယ်တာပေါ့။

 

၅။ နွေရာသီအားလပ်ရက်မှာ မိသားစုကို အချိန်ပေးနေတယ်လို့ နောက်ပြီးတင်ခဲ့တဲ့ ပီတာခရောက်ခ်ျ

play

အမျိုးတွေကျတော့ မျက်မှန်လေးတောင် မတပ်ပေးထားဘူး။

၆။ ဘာစီလိုနာနဲ့ ရီးရဲမက်ဒရစ်အသင်းတို့ရဲ့အယ်ကလက်စီကိုပွဲစဉ်မှာ ပရိသတ်တစ်ဦးဝတ်ဆင်လာတဲ့ ဂျာစီ

play

ဘယ်အသင်း ပရိသတ်လို့ ထင်ကြလဲ။

 

၇။ ချန်ပီယံလိဂ်အုပ်စုပွဲအဖြစ် ယှဉ်ပြိုင်ကစားခဲ့တဲ့ ဟော့ဖန်ဟိုင်းအသင်းနဲ့လီဗာပူးအသင်းတို့ပွဲစဉ်မှာ ကွင်းထဲမှာ သွားတိုက်နေတဲ့ ပရိသတ်တစ်ဦး

play

အိပ်ရာထ နောက်ကျလို့နဲ့ တူပါတယ်။

 

၈။ အမ်းမရိတ်ကွင်းမှာတွေ့ရတဲ့ ကော်တင်ဟိုနာမည်နဲ့ အာဆင်နယ်အသင်းဝတ်စုံဝတ်ဆင်ထားတဲ့ ပရိသတ်တစ်ဦး

play

ဘယ်လို နားလည်ရမလဲ။

 

၉။ ရီးရဲမက်ဒရစ်အသင်းနဲ့ယှဉ်ပြိုင်ကစားခဲ့တဲ့ ဥရောပစူပါဖလားပွဲစဉ်က ဘယ်သူမှ မရယ်ဘဲမနေနိုင်ဖြစ်ခဲ့ရတဲ့ ဖယ်လိုင်နီရဲ့ Snap

play

ဖယ်လိုင်နီကိုယ်တိုင်တောင် ရယ်မိသွားပါတယ်တဲ့။

 

၁၀။ မိုချန်ဂလာဘတ်နဲ့မိန့်ဇ်အသင်းတို့ရဲ့ပွဲစဉ်မှာ ပင်နယ်တီအစက်ကို ဘောလုံးနဲ့မှားပြီး ကန်ခဲ့တဲ့ မိန့်ဇ်ဂိုးသမား

play

ဂိုး မပေးလိုက်ရတာ တော်သေးတာပေါ့။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video