ယနေ့ ညနေ ၆ နာရီ ၃၀ မိနစ်အချိန်မှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ ခရစ်စတယ်ပဲလေ့စ်အသင်းနဲ့ မန်ချက်စတာစီးတီးအသင်းတို့ရဲ့ပွဲစဉ်မှာ တစ်ဖက်နဲ့ တစ်ဖက် ဂိုးမရှိသရေရလဒ်ထွက်ပေါ်ခဲ့ပါတယ်။

play

 

မန်ချက်စတာစီးတီးအသင်းဟာ တိုက်စစ်မှာ ဆာနေး၊ ဂက်ဘရီရယ်ဂျီးဆပ်၊ ဘာနာဒိုဆေးလ်ဗားတို့နဲ့ ပွဲထွက်လာခဲ့ပြီး ခရစ်စတယ်ပဲလေ့စ်အသင်းကလည်း တောင်းဆန့်၊ ဘန်တီကီ၊ ဇာဟာတို့နဲ့ ပွဲထွက်လာခဲ့ပါတယ်။ ပွဲစတင်ချိန်ကတည်းက မန်ချက်စတာစီးတီးအသင်းက ဘောလုံးပိုင်ဆိုင်မှုအသာစီးရယူကစားနိုင်ခဲ့ပြီး ခရစ်စတယ်ပဲလေ့စ်အသင်းရဲ့ ဂိုးပေါက်ကို ခြိမ်းခြောက်နိုင်ခဲ့ပါတယ်။

play

ခရစ်စတယ်ပဲလေ့စ်အသင်းဟာ ယနေ့ပွဲစဉ်မှာ မန်ချက်စတာစီးတီးအသင်းဘက်ကို တန်ပြန်တိုက်စစ်တွေကနေ ဂိုးပေါက်ခြိမ်းခြောက်မှုတွေ ပြုလုပ်နိုင်ခဲ့တာကို တွေ့ရပါတယ်။ ၂၃ မိနစ်မှာ မန်ချက်စတာစီးတီးအသင်းဟာ ဒဏ်ရာပြဿနာအနည်းငယ်ရှိနေတဲ့ ဂက်ဘရီရယ်ဂျီးဆပ်ရဲ့နေရာမှာ အဂူရိုကို ထည့်သွင်းကစားစေခဲ့ပါတယ်။

play

 

ဒုတိယပိုင်းမှာ တစ်ဖက်နဲ့တစ်ဖက် အပြန်အလှန်အကြိတ်အနယ်ရှိခဲ့ကြပြီး ခရစ်စတယ်ပဲလေ့စ်အသင်းကလည်း အိမ်ကွင်းမှာ ယှဉ်ပြိုင်ကစားရတာဖြစ်တာကြောင့် မန်စီးတီးအသင်းကို မာမာထန်ထန် ယှဉ်ပြိုင်ကစားနိုင်ခဲ့ပါတယ်။ ဒုတိယပိုင်းမှာ ၂ သင်းစလုံး ကစားသမား အပြောင်းအလဲတွေ ပြုလုပ်ခဲ့ကြပြီး ဂိုးရရှိဖို့ အစွမ်းကုန်ကြိုးစားခဲ့ကြပါတယ်။

play

 

ဒုတိယပိုင်း ပွဲကစားချိန်ပြည့်လို့ နာကျင်အချိန်ပို ၈ မိနစ် သတ်မှတ်ပေးခဲ့ပြီး ၉၂ မိနစ်မှာ ခရစ်စတယ်ပဲလေ့စ်အသင်းရဲ့တိုက်စစ်မှူး ဇာဟာကို စတားလင်း ဖျက်ထုတ်ပုံကြမ်းတမ်းခဲ့တာကြောင့် ကွင်းလယ်ဒိုင်က ပင်နယ်တီကန်ခွင့်ပေးခဲ့ပြီး မီလီဗိုဂျီဗစ်က ကန်သွင်းခဲ့ရာမှာ မန်စီးတီးအသင်းရဲ့ ဂိုးသမား အီဒါဆင်က ကာကွယ်နိုင်ခဲ့ပါတယ်။

play

 

မန်ချက်စတာစီးတီးအသင်းဟာ ယနေ့ပွဲစဉ်မှာ သရေရလဒ်ထွက်ပေါ်ခဲ့တာကြောင့် ဒုတိယနေရာက ချယ်ဆီးအသင်းကို ၁၄ မှတ် ဖြတ်ထားနိုင်ခဲ့ပြီး တတိယနေရာက မန်ချက်စတာယူနိုက်တက်အသင်းကို ၁၅ မှတ်ဖြတ်ထားနိုင်ခဲ့ပြီဖြစ်ပါတယ်။

Photos: Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video