တနင်္ဂနွေနေ့ည ၁၁ နာရီမှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ ဝက်စ်ဘရွန်းအသင်းနဲ့ အာဆင်နယ်အသင်းတို့ရဲ့ပွဲစဉ်မှာ တစ်ဖက် ၁ ဂိုးစီ သရေရလဒ်နဲ့ ပွဲပြီးဆုံးသွားခဲ့ပါတယ်။
x`
အာဆင်နယ်အသင်းဟာ ယနေ့ပွဲစဉ်မှာ လာကာဇက်ကို အထောင်ထားပြီး အလက်ဆစ်ဆန်းချက်ဇ်နဲ့ အိုင်ဝိုယီတို့နဲ့ ပွဲထွက်လာခဲ့ပါတယ်။ ပထမပိုင်းစတင်ချိန်ကတည်းက အာဆင်နယ်အသင်းက ဘောလုံးပိုင်ဆိုင်မှုအသာစီးရယူကစားနိုင်ခဲ့ပြီး ဝက်စ်ဘရွန်းအသင်းကို ဖိအားပေးတိုက်စစ်ဆင် ကစားနိုင်ခဲ့ပါတယ်။
ဒုတိယပိုင်းမှာ နှစ်သင်းစလုံး ကစားသမားအပြောင်းအလဲပြုလုပ်ခဲ့ပြီး ၈၃ မိနစ်မှာ အာဆင်နယ်အသင်းက ပြစ်ဒဏ်ဘောကန်ခွင့်ရရှိခဲ့ပြီး အလက်ဆစ်ဆန်းချက်ဇ်ကန်သွင်းက ကန်သွင်းခဲ့ပြီး ဂျိမ်းစမက်ကလင်းနဲ့ထိပြီး အာဆင်နယ်အသင်းက အဖွင့်ဂိုး ရရှိခဲ့ပါတယ်။
၈၉ မိနစ်မှာ ဝက်စ်ဘရွန်းအသင်းရဲ့ဖြတ်တင်လိုက်တဲ့ဘောလုံးကို ကယ်လန်ချိန်ဘာ လက်နဲ့ ကာကွယ်ခဲ့တယ်ဆိုပြီး ကွင်းလယ်ဒိုင်က ဝက်စ်ဘရွန်းအသင်းကို ပင်နယ်တီကန်ခွင့်ပေးခဲ့ပြီး ဂျေးရိုဒရီဂွက်စ်က အမှားအယွင်းမရှိကန်သွင်းယူပြီး ဝက်စ်ဘရွန်းအသင်းအတွက် ချေပဂိုးကို သွင်းယူပေးခဲ့ပါတယ်။
အာဆင်နယ်အသင်းဟာ ယနေ့ပွဲစဉ်မှာ သရေရလဒ်ထွက်ပေါ်ခဲ့တာကြောင့် အဆင့် ၄ မှာ ရပ်တည်နိုင်ဖို့ မသေမချာဖြစ်ခဲ့ပြီး အဆင့် ၅ နေရာမှာသာ ခေတ္တရပ်တည်နိုင်ခဲ့ပါတယ်။
Photos: Daily Mail