AD
AD
AD

အာဆင်နယ်အသင်းနဲ့ ပြင်သစ်လက်ရွေးစင်အသင်းတို့ရဲ့ ဂန္တဝင်တိုက်စစ်မှူး သီယာရီအွန်နရီက အဲဗာတန်အသင်းနဲ့ပွဲစဉ်မှာ ပြသခဲ့တဲ့ ပေါ့ဂ်ဘာရဲ့ စွမ်းဆောင်ရည်နဲ့ပတ်သက်ပြီး ချီးကျူးစကားပြောကြားခဲ့ပါတယ်။

play

 

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ကွင်းလယ်ကစားသမား ပေါ့ဂ်ဘာဟာ အဲဗာတန်အသင်းနဲ့ပွဲစဉ်မှာ အသင်းခေါင်းဆောင်လက်ပတ်ကို ဝတ်ဆင်ကစားခဲ့ပြီး အကောင်းဆုံးပုံစံနဲ့ အသင်းအတွက် ကစားပေးနိုင်ခဲ့ပါတယ်။ ပေါ့ဂ်ဘာဟာ ဂိုးပေါက်ကန်သွင်းမှု ၄ ကြိမ်၊ ဂိုးသွင်းဖို့အခွင့်အရေး ၅ ကြိမ်ဖန်တီးပေးခဲ့ပြီး ဂိုးဖန်တီးမှု ၂ ကြိမ်အထိ ပြုလုပ်နိုင်ခဲ့ပြီး အဲဗာတန်အသင်းနဲ့ပွဲစဉ်အတွက် အကောင်းဆုံးကစားသမားအဖြစ် ရွေးချယ်ခြင်းခံခဲ့ရတာဖြစ်ပါတယ်။

play

"ဒီနေ့ကတော့ ဂျူဗင်တပ်အသင်းမှာ ကစားခဲ့တဲ့ ပေါ့ဂ်ဘာကို ပြန်မြင်လိုက်ရတာပါပဲ။ သူ့အနေနဲ့ အကောင်းဆုံးပုံစံ မပြသနိုင်လုနီးပါး ဖြစ်ခဲ့ပါတယ်။ ဒုတိယပိုင်းမှာ ပွဲရဲ့အဖြေကို သူပြောင်းလဲခဲ့တာပါ။ အဲဒါဟာ အသင်းခေါင်းဆောင်တစ်ယောက်အနေနဲ့ လုပ်ရမယ့်အရာပါပဲ။ သူ ကွင်းလယ်ဘယ်ဘက်အခြမ်းကနေ ဝင်လာရင် အလွတ်ကြီး ဖြစ်နေပြီး သူ့ကို တားဆီးဖို့ တော်တော်ခက်ခဲပါတယ်။ သူ တကယ့်အသင်းခေါင်းဆောင်တစ်ယောက်လို ကစားနိုင်ခဲ့တာပါ"လို့ ပြောကြားခဲ့ပါတယ်။

play

 

ပေါ့ဂ်ဘာဟာ ယခုရာသီမှာ မန်ချက်စတာယူနိုက်တက်အသင်းအတွက် ၁၂ ပွဲပါဝင်ကစားပေးထားပြီး ဂိုးဖန်တီးမှု ၇ ကြိမ်အထိ ပြုလုပ်ထားနိုင်တဲ့ ကစားသမားဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD