AD
AD
AD

မန်ချက်စတာယူနိုက်တက်အသင်းရဲ့နည်းပြ မော်ရင်ဟိုဟာ တော့တင်ဟမ်ဟော့စပါးအသင်းရဲ့နောက်ခံကစားသမား ဒန်နီရို့စ်ကို ဆောင်းရာသီ အပြောင်းအရွှေ့ကာလမှာ ခေါ်ယူဖို့ ကြိုးပမ်းနေတာဖြစ်ပါတယ်။

play

 

Daily Mirror သတင်းစာရဲ့ရေးသားချက်အရ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ဒုဥက္ကဌ အက်ဒ်ဝုဒ်ဝဒ်က မော်ရင်ဟိုကို ဒန်နီရို့စ်အစား ဈေးပေါပြီး အတွေ့အကြုံသိပ်မရှိတဲ့ လူငယ်ကစားသမားတစ်ယောက်ကိုသာ ခေါ်ယူဖို့ အကြံပြုခဲ့တယ်လို့ သိရပါတယ်။ မော်ရင်ဟိုက ဒန်နီရို့စ်ကို ယခုလမှာ ခေါ်ယူမယ်ဆိုရင် အသင်းမှာ ပိုနေတဲ့ကစားသမားအချို့ကိုလည်း ထုတ်ပစ်ရလိမ့်မယ်လို့ ပြောကြားခဲ့ပါသေးတယ်။

play

 

ပြီးခဲ့တဲ့အပတ်က မန်ချက်စတာယူနိုက်တက်အသင်းကို စတင်ရောက်ရှိခဲ့ချိန်ကနေ ယနေ့အထိ ကစားသမား ခေါ်ယူမှုအတွက် ပေါင်သန်း ၃၀၀ သုံးစွဲထားပြီးဖြစ်ပေမယ့် မလုံလောက်သေးဘူးလို့ မော်ရင်ဟိုက ပြောကြားခဲ့ပါတယ်။

play

အသက် ၂၇ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဒန်နီရို့စ်ဟာ ယနေ့နံနက်မှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ ဆွမ်ဆီးစီးတီးအသင်းနဲ့ပွဲစဉ်မှာ ဒူးဒဏ်ရာကြောင့် ပါဝင်ကစားနိုင်ခြင်းမရှိဘဲ အနားယူနေရသူဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းရဲ့နည်းပြ မော်ရင်ဟိုက ဇယားထိပ်ဆုံးကနေ ၁၅ မှတ်အထိ ဖြတ်ထားတဲ့ မန်ချက်စတာစီးတီးအသင်းနဲ့ ယှဉ်ပြိုင်နိုင်ဖို့အတွက် ယခုလအပြောင်းအရွှေ့ကာလမှာ ကစားသမားအင်အား ဖြည့်တင်းချင်နေတာဖြစ်ပါတယ်။

Source & Photos: Metro

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD