AD
AD
AD

မန်ချက်စတာယူနိုက်တက်အသင်းရဲ့နည်းပြ မော်ရင်ဟိုဟာ ချယ်ဆီးအသင်းကို စတင်ကိုင်တွယ်ခဲ့တဲ့ ၂၀၀၄ ခုနှစ်မှာပဲ ပရီးမီးယားလိဂ်ဖလားကို ရယူပေးခဲ့ပြီး ၂၀၀၅ ခုနှစ်မှာလည်း ပရီးမီးယားလိဂ်ဖလားကို ထပ်မံ ရရှိအောင် စွမ်းဆောင်ပေးခဲ့တဲ့ နည်းပြဖြစ်ပါတယ်။

play

 

မော်ရင်ဟိုဟာ ချယ်ဆီးအသင်းရဲ့ နှစ်ပေါင်း ၅၀ ကြာဝေးကွာနေတဲ့ ပြည်တွင်းလိဂ်ဖလားကို ရယူပေးခဲ့တာဖြစ်ပြီး ချယ်ဆီးအသင်းဟာ ၁၉၉၂ ခုနှစ်မှာ ပရီးမီးယားလိဂ်လို့ အမည်ပြောင်းလဲခေါ်တွင်ပြီးတဲ့နောက်ပိုင်း မော်ရင်ဟို စတင်ရောက်ရှိတဲ့ ၂၀၀၄ ခုနှစ်မှသာ ပထမဆုံးအကြိမ်အဖြစ် ပရီးမီးယားလိဂ်ဖလားကို ကိုင်မြှောက်နိုင်ခဲ့တာဖြစ်ပါတယ်။

play

 

"မန်ချက်စတာယူနိုက်တက်အသင်းနဲ့ ချယ်ဆီးအသင်းတို့ကြားမှာ ကွာခြားချက်ကဘာလဲဆိုတော့ ချယ်ဆီးအသင်းရဲ့ သမိုင်းကြောင်းဆိုတာ ကျွန်တော်ပိုင်ဆိုင်တဲ့အရာပဲ။ ကျွန်တော် ချယ်ဆီးအသင်းအတွက် ပရီးမီးယားလိဂ်ဖလား ၃ ကြိမ်၊ တခြားဆုဖလားတွေ၊ တခြားအရာတွေအများကြီးပါပဲ။ ချယ်ဆီးအသင်းအတွက် ၂၀၀၄ ခုနှစ်မှာ ပထမဆုံး ပရီးမီးယားလိဂ်ဖလားကို ကျွန်တော် ရယူပေးခဲ့တာပါ"

"အဲဒီတော့ ကျွန်တော့်ရဲ့သမိုင်းကြောင်းဟာ ချယ်ဆီးမှာ ရှိတယ်။ ဒါပေမယ့် မန်ချက်စတာယူနိုက်တက်အသင်းမှာက နေ့တိုင်းအမြဲကြိုးစားပြီး လုပ်ကိုင်ခဲ့တဲ့သူတစ်ယောက်ရဲ့သမိုင်းကြောင်းက ကျွန်တော့် သမိုင်းကြောင်း လာဖြစ်နေတာပဲ"

play

"မန်ချက်စတာယူနိုက်တက်အသင်း ဘယ်တုန်းကမှ မရရှိခဲ့ဖူးတဲ့ ယူရိုပါလိဂ်ဖလားကို ရရှိခဲ့တယ်။ ဒါပေမယ့် ယူရိုပါလိဂ်ဖလားဆိုတာ ဘောလုံးလောကရဲ့ အရမ်းအရေးပါတဲ့ ဖလားတစ်လုံး မဟုတ်ဘူးဆိုတာ အားလုံးက သိနေကြတယ်။ ကျွန်တော်က သမိုင်းကြောင်းတစ်ခု ဖန်တီးဖို့ ခက်ခဲတဲ့နေရာကို ရောက်လာခဲ့တာပါ"

"တကယ်လို့ အသင်းအတွက် အောင်မြင်မှုကြီးကြီးမားမားရရှိအောင် မလုပ်ပေးနိုင်ဘဲ တစ်နေ့မှာ ထွက်ခွာရမယ်ဆိုရင် နောက်လာမယ့်လူအတွက် ကောင်းမွန်တဲ့အခြေအနေတစ်ခုနဲ့ အောင်မြင်မှုတွေ ရရှိနိုင်အောင် ဖန်တီးပေးထားခဲ့ရမယ်။ အဲဒါက နည်းပြအလုပ်ရဲ့ အရေးအကြီးဆုံး အစိတ်အပိုင်းတစ်ခုပါပဲ"

"ဒီအသင်းမှာ အလုပ်လုပ်နေတာဟာ အသင်းအတွက်ချည်းပါပဲ။ ကျွန်တော့်အတွက်ဆိုတာ မပါပါဘူး။ အသင်းရဲ့အနာဂတ်အတွက်လည်း ကျွန်တော် ကြိုးစားပြီး လုပ်ကိုင်သွားမှာပါ"လို့ ပြောကြားခဲ့ပါတယ်။

Source & Photos: Metro

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD