ကမ္ဘာပေါ်မှာရှိတဲ့ ဘောလုံးကစားသမားတွေ ဂိုးသွင်းယူအပြီးမှာသော်လည်းကောင်း၊ ပွဲအပြီးအနိုင်ရရှိပြီးသော်လည်း ပျော်ရွှင်စွာ အောင်ပွဲခံ တတ်လေ့ရှိပြီး အောင်ပွဲခံဟန်အမျိုးမျိုးကိုလည်း လွတ်လပ်စွာ ပြုမူ အောင်ပွဲခံလေ့ရှိကြပါတယ်။

play

 

ဒါပေမယ့် အချို့ နိုင်ငံတွေမှာတော့ ပြုမူဟန်အချို့ကို တားမြစ်ထားပြီး လက်ရှိ ကမ္ဘာကျော် အောင်ပွဲခံဟန်တစ်ခုဖြစ်တဲ့ Dab စတိုင်လ်နဲ့ အောင် ပွဲခံဟန်ကိုတော့ အာရှတိုက်က နိုင်ငံတစ်နိုင်ငံဖြစ်တဲ့ ဆော်ဒီအာရေဗျနိုင်ငံမှာတော့ ထူးဆန်းစွာ တားမြစ်ထားတယ်လို့ BBC သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရပါ တယ်။

play

 

ဒီလို Dab စတိုင်လ်အကဟာ ဟစ်ဟော့ ဂီတလိုင်းထဲမှ အကသမားများရဲ့ အကဟန်တစ်ခုသာဖြစ်ပြီး အတ္တလန္တာ၊ဂျော်ဂျီယာနဲ့ အမေရိကန်ဖက် ပိုင်းတွေမှာ ပိုမိုခေတ်စားနေခဲ့တယ်လို့လည်း သိရပါတယ်။

play

 

နောက်ပိုင်းမှာတော့ အားကစားသမားတွေ၊နိုင်ငံရေးသမားတွေအတွက် အောင်ပွဲခံဟန်တစ်ခုသဖွယ်ဖြစ်လာခဲ့ပြီး အမေရိကန်နိုင်ငံခြားရေးဝန် ကြီး ဟီလာရီကလင်တန်နဲ့ ပေါလ်ရွိုင်ရယ်တို့တောင် အဆိုပါအကနဲ့ အောင်ပွဲခံခဲ့ဖူးတယ်လို့ သိရပါတယ်။

ကမ္ဘာ့ဘောလုံးဇာတ်ခုံပေါ်ကိုတော့ ယခု မန်ယူအသင်းရဲ့ ထိပ်တန်း ကွင်းလယ်ကစားသမား ပေါလ်ပေါ့ဘာက စတင်ယူဆောင်လာခဲ့တယ်လို့ အများက သိထားပြီး ယခုအခါ ပေါ့ဘာရဲ့ အောင်ပွဲခံဟန်ဟာလည်း ဘောလုံးလောကမှာ တစ်မူထူးခြားနေခဲ့ပြီး အခြားသော ကစားသမားများ လည်း ပေါ့ဘာနည်းတူ အောင်ပွဲခံလျက်ရှိကြပါတယ်။

ဒါကြောင့် ဆော်ဒီအာရေဗျကလပ် အသင်းတစ်သင်းဖြစ်တဲ့ Al Nojoom အသင်းရဲ့ ကစားသမားလေး အက်ဒူလာ အယ်လ်ရှာဟာနီမှာလည်း ကွင်း အတွင်းDab စတိုင်လ်ကို မေ့ပြီး အောင်ပွဲခံမိခဲ့လို့ ယခုအခါ ဆော်ဒီနိုင်ငံရဲ့ ဥပဒေနဲ့ ရင်ဆိုင်ရတော့မယ်လို့ သိရပါတယ်။

၎င်းရဲ့ အောင်ပွဲခံဟန်ကို အမိအရ ရိုက်ကူးထားလိုက်နိုင်တဲ့ ဆော်ဒီမီဒီယာတွေကလည်း ဒေါသထွက်နေကြပြီး ပြင်းထန်စွာ တားမြစ်ထားတဲ့ ဥပ ဒေကို ချိုးဖောက်ခဲ့မိတဲ့သူ့ရဲ့ လုပ်ရပ်ကို ဖော်ပြခဲ့ကြတာဖြစ်တယ်လို့လည်း သိရပါတယ်။

အစောပိုင်းက ဆော်ဒီအဆိုတော်တွေအနေနဲ့လည်း Dabစတိုင်လ်ပါဝင်တဲ့ အကဟန်နဲ့ ဖျော်ဖြေမှု ပြုလုပ်ခဲ့လို့လည်း အဆိုပါ ကစားသမားလို ပြစ်ဒဏ်ပေးခြင်း ခံခဲ့ရတယ်လို့ သိရပါတယ်။

Source- BBC SPORT

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video