ပြီးခဲ့တဲ့ ၂၀၁၆ ဘောလုံးရာသီက မန်ချက်စတာယူနိုက်တက်အသင်းကို စတင်ကိုင်တွယ်ခဲ့တဲ့ နည်းပြ မော်ရင်ဟိုဟာ လက်ရှိအချိန်မှာ အသင်းကနေ ထွက်ခွာတော့မယ်လို့ သတင်းတွေ ထွက်ပေါ်နေသူဖြစ်ပါတယ်။

play

 

အသက် ၅၄ နှစ်အရွယ်ရှိပြီဖြစ်တဲ့ မော်ရင်ဟိုဟာ အသင်းရဲ့ ဖွဲ့စည်းတည်ဆောက်ပုံနဲ့ ယခုလအတွင်း ကစားသမားခေါ်ယူဖို့အတွက် ပေါင်သန်း ၈၀ ကို ပေးဖို့ ဆန္ဒမရှိတဲ့ အက်ဒ်ဝုဒ်ဝဒ်ကို စိတ်ပျက်မိတယ်လို့ ပြောကြားခဲ့ပါတယ်။ The Sun သတင်းဌာနရဲ့ရေးသားချက်အရ အက်ဝုဒ်ဝဒ်ဟာ အသင်းရဲ့အပြောင်းအရွှေ့မူဝါဒနဲ့ပတ်သက်ပြီး ရှင်းရှင်းလင်းလင်းပြောကြားဖို့အတွက် ရှောင်ပုန်းနေခဲ့ပြီး မော်ရင်ဟိုအနေနဲ့ အသင်းရဲ့နည်းပြအဖြစ် ဆက်လက်ရှိနေဖို့အတွက် အပြောင်းအရွှေ့ဈေးကွက်မှာ ပိုမိုလွှမ်းမိုးပတ်သက်လိုနေတယ်လို့ သိရပါတယ်။

play

 

ပြီးခဲ့တဲ့ဒီဇင်ဘာလကုန်တုန်းက မော်ရင်ဟိုဟာ မိမိသုံးစွဲခဲ့တဲ့ ပေါင်သန်း ၃၀၀ ဟာ မန်ချက်စတာယူနိုက်တက်အသင်းကို ပရီးမီးယားလိဂ်ဖလား ရယူပေးဖို့နဲ့ ပြိုင်ဘက်မန်ချက်စတာစီးတီးအသင်းကို ယှဉ်ပြိုင်နိုင်ဖို့အတွက် မလုံလောက်သေးဘူးလို့ ပြောကြားခဲ့ပါသေးတယ်။ မော်ရင်ဟိုအနေနဲ့ အသင်းနဲ့ နောက်ထပ် ၃ နှစ်သက်တမ်းတိုးစာချုပ် ချုပ်ဆိုဖို့အတွက် မန်ချက်စတာယူနိုက်တက်အသင်းကို မိမိခေါ်ယူလိုတဲ့ အဓိကပစ်မှတ်ကစားသမားကို ခေါ်ယူပေးမှသာ ဖြစ်နိုင်မယ်လို့ တောင်းဆိုထားပါတယ်။

play

 

လာမယ့်နွေရာသီမှာ အသင်းကနေ ထွက်ခွာဖွယ်ရှိတယ်ဆိုတဲ့ အရိပ်အမြွက်စကားကို မော်ရင်ဟိုက အခုလိုပဲ ပြောကြားခဲ့ပါတယ်။

"ကျွန်တော့်ကိုယ် ကျွန်တော် မန်ချက်စတာယူနိုက်တက်အသင်းနဲ့အတူ လာမယ့်ရာသီမှာ ရှိနေမယ်လို့ မြင်မိလားလို့ တိုက်ရိုက်မေးလာခဲ့မယ်ဆိုရင်တော့ ကျွန်တော့်ကိုယ် ကျွန်တော် အခုဒီမှာရှိနေတယ်လို့ပဲ မြင်ပါတယ်"လို့ ပြောကြားခဲ့ပါတယ်။

Source & Photos: Metro

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video