အသက် ၃၆ နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ဝါရင့်တိုက်စစ်မှူး ဇလာတန်အီဘရာဟီမိုဗစ်ဟာ ဒူးဒဏ်ရာကနေ ပြန်လည်သက်သာလာခဲ့ပြီးနောက် နိုဝင်ဘာလမှာ မန်ချက်စတာယူနိုက်တက်အသင်းအတွက် ပြန်လည်ပွဲထွက်ကစားပေးခဲ့တဲ့ကစားသမားဖြစ်ပါတယ်။

play

 

အီဘရာဟီမိုဗစ်ဟာ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ တစ်ရာသီ စာချုပ်ချုပ်ဆိုထားတဲ့ကစားသမားဖြစ်ပြီး အမေရိကန်မေဂျာလိဂ် သို့မဟုတ် တရုတ်စူပါလိဂ်က ခေါ်ယူဖို့ ကမ်းလှမ်းလာခဲ့မယ်ဆိုရင် ရာသီမကုန်ခင် အသင်းကနေ ထွက်ခွာမယ်လို့ သိရပါတယ်။

play

 

Yahoo Sports ရဲ့ရေးသားချက်အရ မန်ချက်စတာယူနိုက်တက်အသင်းဟာ အီဘရာဟီမိုဗစ်ရဲ့နေရာမှာ အစားထိုးဖို့အတွက် ကြိုတင်ပြင်ဆင်နေပြီး ခေါ်ယူမယ့်ကစားသမားတွေကိုလည်း ရွေးချယ်ထားပြီးပြီလို့ သိရပါတယ်။

play

 

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ကင်းထောက်ဌာနရဲ့စာရင်းထဲမှာ တိုရီနိုအသင်းရဲ့တိုက်စစ်မှူး အန်ဒရီဘယ်လော့တီကို ခေါ်ယူဖို့ ပစ်မှတ်ထားနေတယ်လို့ သတင်းတွေ ထွက်ပေါ်လာခဲ့ပြီး ဈေးကွက်ထဲမှာ တန်ဖိုးမြင့်တဲ့ ကစားသမားတွေထဲက တစ်ဦးဖြစ်ပါတယ်။

play

 

တိုရီနိုအသင်းရဲ့တိုက်စစ်မှူး ဘယ်လော့တီကို ချယ်ဆီးအသင်းကလည်း ခေါ်ယူဖို့ ဆက်သွယ်နေပြီး စာချုပ်လျော်ကြေး ယူရိုသန်း ၁၀၀ ထိရှိတယ်လို့ သိရပါတယ်။ တိုရီနိုအသင်းကတော့ အသင်းရဲ့အဓိကအားထားရတဲ့ ဘယ်လော့တီကို ရောင်းချသွားမှာမဟုတ်ဘူးလို့ အခိုင်အမာ ပြောကြားထားပါတယ်။

Source & Photos: Metro

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video