AD
AD
AD

ချဲလ်ဆီးနဲ့ အာဆင်နယ်အသင်းတို့ဟာ မနက်ဖြန် နံနက် မြန်မာစံတော်ချိန် ၂နာရီခွဲအချိန်မှာ ကာရာဘောင်ဖလား ဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ် ယှဉ် ပြိုင်ကစားကြတော့မှာ ဖြစ်ပါတယ်။

play

 

လန်ဒန်ဒါဘီ အဓိက ပြိုင်ဘက်များဖြစ်တာနဲ့အညီ ဂုဏ်သိက္ခာပိုင်းအရလည်း အရေးပါနေတာကြောင့် ဆီမီးဖိုင်နယ်ပွဲစဉ်ဟာ ပွဲကြီးပွဲကောင်းဖြစ် လာမှာ အမှန်ဖြစ်ပြီးနှစ်ဖက်နည်းပြများ ကစားသမားများရဲ့ ပွဲကြို အကြောင်းအချင်းအရာများကလည်း လန်ဒန်ဒါဘီပွဲစဉ်ကို ပိုမိုစိတ်ဝင်စားစေ နေတာ ဖြစ်ပါတယ်။

ချဲလ်ဆီးအသင်းရဲ့ နည်းပြ ကွန်တီကတောာ့ ဒီပွဲမှာ အကောင်းဆုံးပုံစံနဲ့ ပွဲထွက်လာဖို့ရှိနေပြီး အဓိက ကစားသမား ဟာဇက်လည်း ပြန်လည်ပါဝင် လာဖို့ ရှိနေတယ်လို့ ထုတ်ဖော်ပြောထားပါတယ်။ဒါပေမယ့်လည်းယခုနှစ်ဇန်န၀ါရီဈေးကွက်မှာ အသစ်ခေါ်ယူထားတဲ့ အဲဗာတန်ကစားသမား ရို့စ် ဘာကလေကတော့ ပါဝင်ဖို့ မသေချာဘူးလို့ သိရပါတယ်။

play

 

အဆိုပါ အကြောင်းအရာနဲ့ ပက်သက်ပြီး -"မနက်ဖြန်ပွဲကတော့ သူ့(ဘာကလေ)အတွက် အရမ်းစောပါသေးတယ်။သူ့ရဲ့ ကြံ့ခိုင်မှုကလည်းကောင်း မွန်မှုရှိနေပါတယ်။သူကျွန်တော်တို့နဲ့ လေ့ကျင့်ခန်းလည်း ပူးပေါင်းနေပါပြီ။အသင်းနဲ့ နားလည်မှု တည်ဆောက်နေဆဲ ဖြစ်ပါတယ်။ဒါပေမယ့်လည်း ကျွန်တော်တို့သူ့ကို အချိန်ပေးဖို့ လိုပါသေးတယ်။သူ့အတွက်လည်း အချိန်လိုပါသေးတယ်။"လို့ ကွန်တီက ထုတ်ဖော်ပြောခဲ့ပါတယ်။

အာဆင်နယ်အသင်းအတွက်ကတော့ ပြီးခဲ့တဲ့ နော်တင်ဟမ်ဖောရက်စ်အသင်းကို ၄-၂ နဲ့ ရှုံးပြီး အက်ဖ်အေဖလားက ထွက်ခဲ့ရပြီးနောက် ကာရာ ဘောင်ဖလား ဆီမီးဖိုင်နယ်ပွဲစဉ်ကို ဆက်ကစားရခြင်း ဖြစ်ပါတယ်။

လက်ရှိမှာလည်း ပရီးမီးယားလိဂ် အမှတ်ပေးဇယားအဆင့် ၆ နေရာမှာ ရပ်တည်နေပြီး ဒီအခြေအနေကတော့ သူတို့အတွက် ချန်ပီယံလိဂ် ၀င်ခွင့် ကို ပိုမိုဦးစားပေးရမယ့် အနေအထားမှာလည်း ရှိနေပါတယ်။

ဒါပေမယ့်လည်း ယခုရောက်ရှိနေတဲ့ ဆီမီးဖိုင်နယ်ပွဲစဉ်အပေါ်မှာတော့ -" ကျွန်တော်အနိုင်ရချင်ပါတယ်။ဒီလို ဆီမီးဖိုင်နယ်အဆင့်ကိုတောင် ရောက်နေပြီးမှတော့ ချန်ပီယံဖြစ်ဖို့ အခွင့်အရေးက လက်တစ်ကမ်းမှာပဲ ရှိတော့တာလေ။ဒါပေမယ့်လည်း ဒီတစ်ဆင့်ကို ကျော်ပြီးရင် မန်စီးတီး သို့မဟုတ် ဘရစ္စတိုးနဲ့တွေ့ရအုံးမှာလေ။ဒီအခြေအနေက မနှစ်က အက်ဖ်အေဖလား အခြေအနေကိုတောင် ပြန်မှတ်မိစေပါတယ်။" လို့ ၀င်းဂါးက ထုတ်ဖော်ပြောခဲ့ပြန်ပါတယ်။

လက်ရှိအချိန်မှာတော့ ချဲလ်ဆီးအသင်းအနေနဲ့ ဒဏ်ရာရ ကစားသမား ကင်းစင်နေတယ်လို့ သိထားရပြီး အာဆင်နယ်အသင်းရဲ့ အဓိက ကစား သမားနှစ်ဦးဖြစ်တဲ့ ဇာခါနဲ့ မူစတာဖီတို့မှာလည်း ဒဏ်ရာကနေပြန်လည်သက်သာလာကာ အသင်းနဲ့ လေ့ကျင့်ခန်းဆင်းနေနိုင်ပြီလို့ သိထားရပြန် ပါတယ်။

ဒီ EFL ဖလား ပြိုင်ပွဲသမိုင်းတစ်လျှောက်မှာ ချဲလ်ဆီးနဲ့ အာဆင်နယ်အသင်းတို့ဟာ သမိုင်းတစ်လျှောက် ၅ ကြိမ်တွေ့ဆုံထားပြီး ချဲလ်ဆီးအသင်း က ၄ ပွဲအထိ အနိုင်ရရှိထားပြီး ၁၉၉၇-၉၈ ခုနှစ်က ယခုလိုပဲ ဆီမီးဖိုင်နယ်အဆင့်မှာ တွေ့ဆုံခဲ့ရာမှာ ချဲလ်ဆီးက ၄-၃ ဂိုးနဲ့ အနိုင်ရထားတဲ့ ပွဲအ ပါအ၀င်လို့ သိရပါတယ်။

အာဆင်နယ်အသင်းကတော့ ၁၉၇၆-၇၇ ခုနှစ်က စတုတ္ထအဆင့်ပွဲစဉ်မှာပဲ ချဲလ်ဆီးကို အိမ်ကွင်းမှာ အနိုင်ရဖူးထားပါတယ်။

ဒါ့အပြင် ယခုတွေ့ဆုံနေတဲ့ ချဲလ်ဆီးအိမ်ကွင်း စတမ်းဖို့ဒ်ဘရစ်ခ်ျကွင်းကြီးကို အာဆင်နယ်အသင်း လာရောက်ကစားခဲ့တဲ့ နောက်ဆုံး ၉ ကြိမ်မှာ လည်း ၁ပွဲသာ အနိုင်ရထားဖူးပြီး တစ်ပွဲသရေကျကာ ၇ ပွဲအထိ ရှုံးနိမ့်ထားတဲ့ မှတ်တမ်းဆိုးတွေလည်း ရှိနေပြန်ပါတယ်။

စတမ်းဖို့ဒ်ဘရစ်ခ်ျမှာ ချဲလ်ဆီးကို နောက်ဆုံးနိုင်ခဲ့တာကတောာ့ ၂၀၁၁ ခုနှစ်က ၃-၅ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲဖြစ်ပါတယ်။

ဒီပြိုင်ပွဲတစ်လျှောက် ချဲလ်ဆီးအသင်းအနေနဲ့ ချန်ပီယံ ၅ ကြိမ် ဖြစ်ဖူးခဲ့ပြီး အာဆင်နယ်အသင်းကတော့ ၂ကြိမ်သာ ချန်ပီယံ ဖြစ်ထားဖူးပါတယ်။

ဒါပေမယ့်လည်း အာဆင်နယ်အသင်းဟာ ဒီပြိုင်ပွဲရဲ့ ဆီမီးဖိုင်နယ်ပွဲစဉ်ကို ဒုတိယမြောက် အများဆုံးကစားထားနိုင်တဲ့အသင်းဖြစ်ပြီး ယခုတစ် ကြိမ်ဟာ ၁၅ ကြိမ်မြောက် ဆီမီးဖိုင်နယ်ပွဲစဉ်ဖြစ်ပြီး လီဗာပူးအသင်းက ၁၇ ကြိမ်အထိ ကစားထားပါတယ်။

ချဲလ်ဆီးအသင်းအနေနဲ့ ဒီပြိုင်ပွဲမှာ ကစားခဲ့တဲ့ ၃ ပွဲစလုံး မိနစ် ၉၀ အတွင်း သွင်းဂိုးတွေနဲ့ အနိုင်ရခဲ့ပေမယ့် အဲဗာတန် ဘုန်းမောက်တို့ပွဲစဉ်တွေ မှာတော့ နောက်ဆုံး မိနစ်သွင်းဂိုးတွေနဲ့ အနိုင်ရခဲ့တာလည်း ဖြစ်ပါတယ်။

အာဆင်နယ်အသင်း မန်နေဂျာ အာစင်ဝင်းဂါးအနေနဲ့ ဒီပြိုင်ပွဲရဲ့ ဖိုင်နယ်အဆင့်ကို ၂၀၀၇ ခုနှစ်နဲ့ ၂၀၁၁ ခုနှစ်တို့က ရောက်ရှိခဲ့ဖူးပြီး နှစ်ကြိမ်စ လုံးရှုံးနိမ့်ထားခဲ့ကာ ချန်ပီယံတောာ့မဖြစ်ဖူးပါဘူး။

ဒီပွဲမှာ လိဂ်ဖလားသမိုင်းတစ်လျှောက် ပထမဆုံး ဗီဒီယို မှတ်တမ်းဒိုင်လူကြီးကို ခန့်အပ်တာဝန်ပေးအပ်သွားမယ်လို့လည်း သိရပါတယ်။

ဒီပွဲရဲ့ ပွဲရလဒ်ကိုတော့ အင်္ဂလန်ဘောလုံးပွဲခန့်မှန်းသူ ချာလီက ချဲလ်ဆီးအသင်းက ၃-၁ ဂိုးနဲ့ အနိုင်ရမယ်လို့ ခန့်မှန်းပေးထားပြီး ချဲလ်ဆီး တိုက် စစ်မှူး မိုရာတာ ပထမဆုံးသွင်းဂိုးသွင်းယူမယ်လို့လည်း ခန့်မှန်းထားပါတယ်။

Source- Sky Sports

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD