အာဆင်နယ်အသင်းရဲ့နည်းပြ အာစင်ဝင်းဂါးဟာ မကြာသေးမီကမှ အသစ်ခေါ်ယူထားတဲ့ လူငယ်နောက်ခံကစားသမား မာဘရိုပါးနော့စ်ကို ဝါဒါဘရီမင်အသင်းထံ အငှားမချသေးဘဲ ရာသီကုန်အထိ အသင်းမှာ ဆက်လက်ထိန်းသိမ်းထားမယ်လို့ ပြောကြားခဲ့ပါတယ်။

play

 

မာဘရိုပါးနော့စ်ဟာ ဂရိကလပ်အသင်းတစ်ခုဖြစ်တဲ့ ဂီယန်နီနာအသင်းကနေ အာဆင်နယ်အသင်းရဲ့အနာဂတ်စီမံကိန်းအရ အာစင်ဝင်းဂါးက ခေါ်ယူခဲ့တဲ့ ကစားသမားဖြစ်ပြီး အသင်းရဲ့လေ့ကျင့်ရေးအစီအစဉ်မှာ ပြသခဲ့တဲ့စွမ်းဆောင်ရည်တွေကြောင့် နည်းပြ အာစင်ဝင်းဂါးက ချက်ချင်းအငှားမချသေးဘဲ အသင်းနဲ့အတူ ဆက်လက်ရှိနေဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

play

 

ယနေ့နံနက်က ယှဉ်ပြိုင်ကစားခဲ့တဲ့ ကရာဘောင်ဖလား ဆီမီးဖိုင်နယ်ပွဲစဉ်မှာ မာဘရိုပါးနော့စ်ဟာ အရန်လူစာရင်းမှာ ပါဝင်လာခဲ့ပြီး ပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာ အာစင်ဝင်းဂါးက မာဘရိုပါးနော့စ်ရဲ့အနာဂတ်နဲ့ပတ်သက်ပြီး ယခုလိုပဲ ပြောကြားသွားခဲ့ပါတယ်။

"မာဘရိုပါးနော့စ်ကို ရာသီကုန်အထိ ကျွန်တော် ဆက်ရှိနေဖို့ ဆန္ဒပြုခဲ့တာပါ။ အဲဒါမှလည်း သူ့ရဲ့ခြေစွမ်းနဲ့ အလားအလာကို သေချာအနီးကပ် စောင့်ကြည့်နိုင်မှာပါ"

"အထူးသဖြင့် အသင်းရဲ့လေ့ကျင့်ရေးအစီအစဉ်တွေမှာ သူ့ရဲ့စွမ်းဆောင်ရည်ဟာ တော်တော်လေး ကျေနပ်စရာကောင်းနေတာကြောင့်လည်း အခုလိုမျိုး ဆုံးဖြတ်နိုင်ခဲ့တာပါ"လို့ ပြောကြားခဲ့ပါတယ်။

play

 

အာဆင်နယ်အသင်းဟာ ကိုစီရယ်နီ၊ မွန်နရီရယ်၊ ကိုလာစီနက်တို့ ဒဏ်ရာပြဿနာတွေနဲ့ ရင်ဆိုင်နေရတာပြီး လာမယ့်ဘုန်းမောက်အသင်းနဲ့ပွဲစဉ်မှာ မာဘရိုပါးနော့စ်ကို ပွဲထွက်ကစားခွင့် ပေးသွားဖွယ်ရှိနေတာဖြစ်ပါတယ်။

Source & Photos: Metro

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video