AD
AD
AD

ချယ်ဆီးအသင်းဟာ အသင်းရဲ့နည်းပြဖြစ်တဲ့ ကွန်တီကို လာမယ့်နွေရာသီမှာ အသင်းကနေ ထုတ်ပယ်သွားမှာဖြစ်ပြီး ကွန်တီရဲ့နေရာမှာ အစားထိုးခန့်အပ်ဖွယ်ရှိတဲ့ နည်းပြတွေရဲ့နာမည်တွေလည်း ထွက်ပေါ်လာခဲ့ပါတယ်။

play

 

ကွန်တီဟာ ပြီးခဲ့တဲ့ရာသီက ချယ်ဆီးအသင်းကို စတင်ကိုင်တွယ်ခဲ့ပြီး ပွဲဦးထွက်ရာသီမှာပဲ ချယ်ဆီးအသင်းကို ပရီးမီးယားလိဂ်ချန်ပီယံဖြစ်အောင် ပြုလုပ်ပေးနိုင်ခဲ့တဲ့နည်းပြဖြစ်ပါတယ်။ ချယ်ဆီးအသင်းရဲ့ပိုင်ရှင် အေဘရာမိုဗစ်ခ်ျဟာ နည်းပြတွေကို လေးစားမှုမရှိဘဲ စိတ်မထင်ရင် မထင်သလို ထုတ်ပယ်လေ့ရှိသူဖြစ်ပါတယ်။

play

 

ဒေးလီးမေးလ်သတင်းစာရဲ့ရေးသားချက်အရ ချယ်ဆီးအသင်းဟာ လက်ရှိအချိန်မှာ ကွန်တီရဲ့နေရာမှာ အစားထိုးခန့်အပ်ဖို့ သင့်တော်မယ့် နည်းပြတစ်ဦးကို လိုက်လံရှာဖွေနေတယ်လို့ သိရပါတယ်။ နောက်ဆုံးကြားသိရတဲ့သတင်းတွေအရ ကွန်တီရဲ့နေရာမှာအစားထိုးဖို့အတွက် ဂျူဗင်တပ်အသင်းရဲ့နည်းပြ မက်စ်အယ်လီဂရီနဲ့ လက်ရှိအသင်းလက်မဲ့ဖြစ်နေတဲ့ ဘာစီလိုနာနည်းပြဟောင်း လူးဝစ်အန်းနရစ်တို့ကို အဓိကထား စောင့်ကြည့်နေတယ်လို့ သိရပါတယ်။

play

 

အယ်လီဂရီဟာ ဂျူဗင်တပ်အသင်းနဲ့အတူ စီးရီးအေဖလား ၃ ကြိမ် ရယူထားနိုင်တဲ့နည်းပြဖြစ်ပြီး ဂျူဗင်တပ်အသင်းနဲ့ ၂၀၂၀ ခုနှစ်အထိ စာချုပ်သက်တမ်းကျန်ရှိနေသေးတဲ့နည်းပြဖြစ်ပါတယ်။ လူးဝစ်အန်းနရစ်ကတော့ ပြီးခဲ့တဲ့နွေရာသီကပဲ ဘာစီလိုနာအသင်းကနေ ထွက်ခွာခဲ့သူဖြစ်ပြီး ဘာစီလိုနာအသင်းကို ကိုင်တွယ်ခဲ့တဲ့ ၃ နှစ်အတွင်းမှာ လာလီဂါဖလား ၂ ကြိမ်၊ ချန်ပီယံလိဂ်ဖလား ၁ ကြိမ် ရယူပေးနိုင်ခဲ့တဲ့နည်းပြဖြစ်ပါတယ်။ လက်ရှိအချိန်မှာ အသင်းလက်မဲ့ဖြစ်နေပြီး ပရီးမီးယားလိဂ်ကို လာရောက်နည်းပြဖို့အတွက် စိတ်ဝင်စားမှုရှိတယ်လို့ သိရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD