အာဆင်နယ်အသင်းရဲ့ကွင်းလယ်ကစားသမား ကိုကွီလင်ဟာ ယမန်နေ့က ဗလင်စီယာအသင်းကို ပြောင်းရွှေ့ကြေး ပေါင် ၁၄ သန်းနဲ့ ပြောင်းရွှေ့သွားခဲ့ပြီဖြစ်ပါတယ်။

play

ကိုကွီလင်ဟာ အာဆင်နယ်အသင်းကနေ ယခင်ကတည်းက ထွက်ခွာခွင့်ရခဲ့ပေမယ့် ယခုအချိန်မှသာ ထွက်ခွာခဲ့မိတာ နောင်တရမိတယ်လို့ ပြောကြားခဲ့ပါတယ်။ အာဆင်နယ်လူငယ်အသင်းမှာ ၂၀၀၈ ခုနှစ်ကနေ ၂၀၀၉ ခုနှစ်အထိ ကစားခဲ့တဲ့ ကိုကွီလင်ဟာ ၂၀၀၈ ခုနှစ်မှာပဲ အာဆင်နယ်အသင်းကြီးမှာ ပွဲထွက်ခွင့်ရရှိခဲ့ပြီး လိုးရီးယန့်၊ ဖရိုင်းဘတ်၊ ချာတန်အသင်းတို့ကို အငှားချခံခဲ့ရပြီး ၂၀၁၅ ဘောလုံးရာသီမှ အာဆင်နယ်အသင်းထံ ပြန်လည်ရောက်ရှိလာခဲ့တဲ့ကစားသမားဖြစ်ပါတယ်။

play

 

၂၀၁၆ ဘောလုံးရာသီမှာ ကိုကွီလင်ဟာ အကောင်းဆုံးပုံစံ ပြသနိုင်ခဲ့တာကြောင့် နွေရာသီအပြောင်းအရွှေ့ကာလမှာ အခြားထိပ်တန်းအသင်းကြီးတွေရဲ့ စိတ်ဝင်စားမှုကို ခံခဲ့ရပေမယ့် အသင်းပြောင်းရွှေ့ခြင်းမရှိဘဲ အာဆင်နယ်အသင်းမှာသာ ပုံမှန်ပွဲထွက်ခွင့်ရရှိဖို့ ဆက်လက်တိုက်ပွဲဝင်မယ်လို့ ဆုံးဖြတ်ခဲ့ပါတယ်။

play

 

ကိုကွီလင်ဟာ ယမန်နေ့က ဗလင်စီယာအသင်းနဲ့အပြောင်းအရွှေ့သဘောတူညီမှုရရှိခဲ့ပြီးနောက် သတင်းစာရှင်းလင်းပွဲမှာ မိမိအနေနဲ့ အာဆင်နယ်အသင်းမှာ ဆက်နေပြီး ပွဲထွက်ခွင့်အတွက် တိုက်ပွဲဝင်မယ်ဆိုပြီး မှားယွင်းတဲ့ဆုံးဖြတ်ချက်ကို ချခဲ့မိကြောင်း ဝန်ခံပြောကြားခဲ့ပါတယ်။

"ပြီးခဲ့တဲ့နွေရာသီက ကျွန်တော့်ကို စိတ်ဝင်စားမှုတွေရှိခဲ့တယ်ဆိုတာတော့ အမှန်ပါပဲ။ ဒါပေမယ့် ကျွန်တော်က အာဆင်နယ်အသင်းမှာပဲ ဆက်နေပြီး ပုံစံကောင်းတွေ ပြသချင်ခဲ့တာပါ"

"အဲဒါက ဖြစ်မလာခဲ့ဘူး။ အခု အသင်းပြောင်းရွှေ့ဖို့အတွက် အခွင့်အရေးကောင်းတွေ ရောက်လာပြီလေ"

"ဒီကို အစောကြီးကတည်းက မလာမိတာ နောင်တရမိပါတယ်။ ဒါက ကျွန်တော့်အတွက် အရမ်းကောင်းမွန်တဲ့ အခွင့်အရေးလို့ ထင်မိပါတယ်။ အဲဒီအတွက်လည်း အရမ်းကို ကျေးဇူးတင်ပါတယ်။ အခု ဒီမှာ ကျွန်တော့်ဘဝအသစ်ကို ကြီးမားတဲ့စိန်ခေါ်မှုတွေနဲ့ စတင်ရတော့မှာဖြစ်တဲ့အတွက် အရမ်းကို စိတ်လှုပ်ရှားမိပါတယ်"လို့ ပြောကြားခဲ့ပါတယ်။

play

 

ကိုကွီလင်ဟာ ဗလင်စီယာအသင်းနဲ့အတူ ၂၀၂၂ ခုနှစ်အထိ ရှိနေမယ့် ၄ နှစ်ခွဲသက်တမ်းရှိတဲ့ စာချုပ်ကို သဘောတူ လက်မှတ်ရေးထိုးခဲ့တယ်လို့ သိရပါတယ်။

Source & Photos: Goal

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video