AD
AD
AD

လီဗာပူးလ်အသင်းတွင် ခြေစွမ်းပြနေသော ဆာလာကို ဘာစီလိုနာ၊ ရီးရဲလ်မက်ဒရစ်၊ ပီအက်စ်ဂျီအသင်းတို့က စံချိန်တင် ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူရန် စိတ်ဝင်စားနေသည်ဟူသော သတင်းများ ထွက်ပေါ်ခဲ့ပြီး မကြာမီပင် ဆာလာနှင့် လီဗာပူးလ်တို့ကြား ချုပ်ဆိုထားသည့် စာချုပ်ပါ အချက်အလက်ကို ESPN က ရေးသားခဲ့ခြင်းလည်း ဖြစ်သည်။ သို့ရာတွင် လီဗာပူးလ်အသင်းကမူ ဆာလာကို မည်သည့် အကြောင်းအရင်းကြောင့်မှ ရောင်းချမည်မဟုတ်ကြောင်းလည်း ESPN က ရေးသားခဲ့ပါတယ်။

play

 

ဆာလာ နှင့် လီဗာပူးလ်တို့သည် ငါးနှစ်သက်တမ်းရှိ စာချုပ်ကို ချုပ်ဆိုထားကြပြီး အဆိုပါစာချုပ်တွင် စာချုပ်ဖျက်သိမ်းကြေး တစ်စုံတစ်ရာ ပါဝင်မှုမရှိကြောင်း ESPN က ဖော်ပြခဲ့သည်။ အီဂျစ် လက်ရွေးစင်ကစားသမားသည် မာဆေးဆိုက်တွင် ပျော်ရွှင်နေသည်ဟု ကစားသမားကိုယ်တိုင်က ဖွင့်ဟခဲ့ပြီး လီဗာပူးလ်အသင်းကို ပရီးမီးယားလိဂ်ဆုဖလား ဆွတ်ခူးနိုင်စေရန် ကူညီလိုသည်ဟုလည်း ဆာလာက ပြောကြားခဲ့ဖူးသည်။

play

 

အီဂျစ်အသင်းနည်းပြ ဟက်တာကူးပါးကလည်း အာဖရိကတစ်နှစ်တာအကောင်းဆုံးသမားဆုရရှိထားသည့် မိမိကစားသမားသည် ရီးရဲလ်မက်ဒရစ်အသင်းတွင် ကစားရန် အရည်အချင်းပြည့်ဝသည်ဟု မှတ်ချက်ပြုခဲ့သည်။ သို့သော် ကစားသမားကိုယ်တိုင်ကမူ -

play

 

" သူတို့ ဘာတွေတွေးပြီး ဘယ်လိုတွေပြောနေကြတာပါလဲ၊ ကျွန်တော့်မှာ ပြောစရာ စကားအများကြီးမရှိပါဘူး၊ တကယ်လို့ တစ်စုံတစ်ရာ ပြောပါဆိုရင်လည်း လီဗာပူးလ်မှာ ကျွန်တော် ပျော်ရွှင်နေတယ်ဆိုတာပဲ ကျွန်တော် ပြောရပါလိမ့်မယ်" ဟု ဆာလာက စပိန်နာမည်ကြီးသတင်းစာ Marca သို့ ဖေဖော်ဝါရီလအတွင်းက ပြောကြားခဲ့ဖူးသည်။

play

 

စာချုပ်ဖျက်သိမ်းကြေး ထည့်သွင်းထားခြင်းမရှိသည့် အချက်အလက်သည် မည်သို့မည်ပုံ ပေါက်ကြားခဲ့ကြောင်းကိုမူ သေချာစွာ သိရှိရခြင်း မရှိသေးချေ။

Source : espn

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD