AD
AD
AD

မန်ချက်စတာယူနိုက်တက်အသင်းသည် အလက်ဆစ်ဆန်းချက်ဇ်အား ကစားသမားဟောင်း အိန်ဂျယ်ဒီမာရီယာကဲ့သို့ အသင်းတွင် မအောင်မြင်ပဲ အရှုံးကြီးရှုံးနိမ့်မည်ကို စိုးရိမ်ပူပန်နေပြီဖြစ်ကြောင်း Daily Mail က ဖော်ပြခဲ့ပါတယ်။

play

 

ပြီးခဲ့သည့် ဇန်န၀ါရီအပြောင်းအရွှေ့ကာအတွင်း အာဆင်နယ်အသင်းမှ မန်ယူသို့ ပြောင်းရွှေ့လာခဲ့သည့် ဆန်းချက်ဇ်သည် မန်ယူအသင်းအတွင် လစာအမြင့်မားဆုံးရရှိနေသည့် ကစားသမားဖြစ်ပြီး တစ်ပတ်လုပ်ခအနေဖြင့် ပေါင် (၆)သိန်းအထိ ရရှိနေခဲ့ပါတယ်။

play

 

အသက် (၂၉) နှစ်အရွယ် ရှိပြီဖြစ်တဲ့ ဆန်းချက်ဇ်ဟာ မန်ယူအသင်းအတွက် ပြိုင်ပွဲစုံ (၁၀) ပွဲ ကစားပေးထားပြီးတော့ ပယ်နယ်တီမှတဆင့် သွင်းဂိုး (၁) ဂိုးသာ ရရှိထားပြီး ပြီးခဲ့တဲ့ စနေနေ့က ကစားခဲ့တဲ့ အက်ဖ်အေဖလားကွာတားဖိုင်နယ်ပွဲစဉ်မှာတော့ မန်ယူကစားသမားဘ၀မှာ ပထမဆုံးအကြိမ်အဖြစ် အရံခုံမှာသာ ရှိနေခဲ့ပါတယ်။

play

 

လက်ရှိမှာတော့ ဆန်းချက်ဇ်ဟာ ချီလီအသင်းနဲ့အတူ လေ့ကျင့်ခန်းဆင်းနေပြီးတော့ ဆွီဒင်၊ ဒိန်းမတ်တို့နဲ့ ကစားမယ့် ခြေစမ်းပွဲများအတွက် ပြင်ဆင်နေပါတယ်။ အံ့သြစရာကောင်းတဲ့ သတင်းတစ်ခု အနေနဲ့ကတော့ ဆန်းချက်ဇ်ဟာ အသင်းရဲ့ ကာရင်တန်လေ့ကျင့်ကွင်းမှာ မပျော်မရွှင်ဖြစ်နေပြီးတော့ မကြာခဏဆိုသလိုလည်း အသင်းရဲ့ စားသောက်ခန်းမှာ တစ်ဦးတည်းသာ စားသောက်နေခဲ့ရတာမျိုးတွေလည်း ရှိတယ်လို့ မန်ယူအသင်းရဲ့ ၀န်ထမ်းတစ်ဦး ပြောကြားမှုကို ကိုးကားပြီး Daily Mail က ရေးသားခဲ့ပါတယ်။

play

 

၂၀၁၄ ခုနှစ်မှာ ဗြိတိန်စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင်သန်း (၆၀) နဲ့ ပြောင်းရွှေ့လာခဲ့တဲ့ ဒီမာရီယာဟာ အသင်းမှာ ခြေစွမ်းမပြနိုင်ပဲ ဖြစ်ခဲ့ပြီးနောက် မန်ယူအသင်းဟာ ပီအက်စ်ဂျီအသင်းကို ပေါင် ၄၄သန်းနဲ့ ရောင်းချခဲ့ရပြီး ကြီးမားတဲ့ ဆုံးရှုံးမှုနဲ့ ရင်ဆိုင်ခဲ့ရတာကြောင့် ဆန်းချက်ဇ်ကိုလည်း ဒီမာရီယာကဲ့သို့ ဖြစ်လာမည်ကို မန်ယူအသင်းက စိုးရိမ်ပူပန်နေခဲ့တာလည်း ဖြစ်ပါတယ်။

ှSource : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD