AD
AD
AD

လီဗာပူးလ်အသင်းသည် အသင်း၏ အိမ်ကွင်းအန်ဖီးလ်ကွင်းကို တိုးချဲ့ရန် စီစဉ်နေပြီး ပရိသတ် ၆၀၀၀၀ ဆန့် ကွင်းအဖြစ် ပြုပြင်ရန် ဆန္ဒရှိနေကြောင်း သိရပါတယ်။

play

 

ဒီလိုတိုးချဲ့ဖို့အတွက် လီဗာပူးလ်အသင်းအနေနဲ့ နာမည်ကြီးစပွန်ဆာ ရရှိဖို့ အလိုရှိနေခဲ့ပြီး ပွဲကြည့်စင်အသစ်ကို အဆိုပါ စပွန်ဆာပေးမယ့် အဖွဲ့အစည်းရဲ့ နာမည်အဖြစ် သတ်မှတ်ပေးသွားမယ်လို့လည်း သိရပါတယ်။  ဒီအစီအစဉ်ကို အကောင်အထည်ဖော်ရာမှာတော့ စက်တင်ဘာလ၊ ၂၀၁၉ မှာ အပြီးသတ်ဖို့ သတ်မှတ်ထားကြောင်းလည်း သတင်းများက ဖော်ပြခဲ့ပါတယ်။

play

 

လီဗာပူးလ်အသင်းအနေနဲ့ အန်ဖီးလ်လမ်း အဆုံးထိကို တိုးချဲ့သွားဖို့ စီစဉ်နေပြီးတော့ အထူးတန်းပွဲကြည့်စင်နဲ့ အရွယ်အစားတူညီမှု ရှိမှာလည်း ဖြစ်ပါတယ်။ အထူးတန်းပွဲကြည့်စင်ကို တိုးချဲ့ခဲ့ပြီးနောက်မှာ လီဗာပူးလ်အသင်းအနေနဲ့ ပေါင် ၁၂သန်းအထိ ၀င်ငွေတိုးပွားလာခဲ့ပြီးတော့ အခုထပ်မံပြုလုပ်မယ့် ပွဲကြည့်စင်ပြီးဆုံးခဲ့ရင်တော့ ပေါင် ၇၄သန်းအထိ ရရှိလာမယ်လို့လည်း သိရပါတယ်။

play

 

ထိုင်ခုံစုစုပေါင်း ၆၀၀၀ အထိ လီဗာပူးလ်အသင်းက တပ်ဆင်သွားမှာဖြစ်ပြီးတော့ ပရိသတ် ၆၀၀၀၀ ဆန့် ကွင်းကြီးအဖြစ် ပြောင်းလဲလာမှာလည်း ဖြစ်ပါတယ်။ ဒီပမာဏဟာ လီဗာပူးလ်အသင်းရဲ့ ကွင်းကို အင်္ဂလန်ရဲ့ တတိယမြောက် အကြီးဆုံးကွင်း ဖြစ်လာစေမှာ ဖြစ်ပြီးတော့ အာစင်နယ်အသင်းရဲ့ အီးမရိတ်စ်ကွင်း၊ ၀က်စ်ဟမ်းအသင်းရဲ့ လန်ဒန်စတေဒီယမ်ကွင်းကြီးတို့နဲ့ တူညီမှု ရှိလာမှာပါ။

play

 

လတ်တလောမှာတော့ လီဗာပူးလ်အသင်းအနေနဲ့ စပွန်ဆာမရှိသေးပေမယ့် ရရှိလာမယ့် အကျိုးအမြတ်ကြောင့် စပွန်ဆာပေးမယ့် အဖွဲ့အစည်းတွေအတွက်တော့ မျက်စိကျချင်စရာ ဖြစ်နေခဲ့ပါတယ်။

Source : Dailymail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD