AD
AD
AD

ပရီးမီးယားလိဂ်မှာ ရုန်းကန်နေရတဲ့ အာဆင်နယ်အသင်းဟာ လာမယ့်ရာသီကုန်ဆုံးချိန်မှာတော့ နည်းပြကြီး အာစင်ဝင်းဂါးရဲ့ နေရာကို အစားထိုးဖို့ နည်းပြသစ်ခန့်အပ်ရန် နီးစပ်နေပြီလို့ သိရပါတယ်။

play

 

သတင်းရင်းမြစ်များစွာရဲ့ ဖော်ပြချက်အရ ဒေါ့မွန်နည်းပြဟောင်း သောမတ်စ်တူချယ်လ်ကို နည်းပြသစ်ခန့်အပ်ဖို့အတွက် အာဆင်နယ်အသင်းက ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။ ဥရောပနာမည်ကြီး နည်းပြများစွာကို အာဆင်နယ်အသင်းက ချိတ်ဆက်နေခဲ့ပြီးတော့ အခုဆိုရင် သောမတ်စ်တူချယ်လ်ကို အသင်းရဲ့ အနာဂတ်နည်းပြအဖြစ် ခန့်အပ်ဖို့ နီးစပ်ခဲ့တာလည်း ဖြစ်ပါတယ်။

play

 

ကလပ်အသင်းရဲ့ သက်တမ်းရှည်နည်းပြကြီး အာစင်ဝင်းဂါးရဲ့ အာဆင်နယ်နည်းပြဘ၀ကတော့ အခုဆိုရင် အဆုံးသတ်ဖို့ အချိန်ရောက်လာတော့မှာပါ။ ပြီးခဲ့တဲ့ ဘောလုံးရာသီအပြီးမှာ အသင်းနဲ့ စာချုပ်သက်တမ်း (၂) နှစ်တိုးမြှင့်ခဲ့ပေမယ့် လက်ရှိဘောလုံးရာသီမှာတော့ အာဆင်နယ်အသင်းဟာ ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ ဆက်လက်လွဲချော်ဖွယ်ရှိနေခဲ့ပါတယ်။ အာစင်ဝင်းဂါးကို အသင်းမှ ထွက်ခွာဖို့အတွက်လည်း ပရိသတ်တွေက ကွင်းအတွင်းမှာ ဆန္ဒပြမှုတွေလည်း ရှိခဲ့ပါတယ်။

play

 

ESPN ရဲ့ ဖော်ပြချက်အရဆိုရင်လည်း တူချယ်လ်ဟာ ဘိုင်ယန်မြူးနစ်ရဲ့ ကမ်းလှမ်းမှုကို ငြင်းဆန်ခဲ့ပြီးတော့ အာဆင်နယ်ကို ကိုင်တွယ်ဖို့အတွက်ပဲ ရွေးချယ်ခဲ့တယ်လို့ သိရပါတယ်။ အာစင်နယ်အသင်းရဲ့ အမှုဆောင်ချုပ် ဂါဇီဒစ်ဇ်ကတော့ ဂျူဗင်တပ်စ်နည်းပြ အယ်လီဂရီကို ခေါ်ယူဖို့ ဆန္ဒရှိနေခဲ့တာဖြစ်ပေမယ့်လည်း တူချယ်လ်က ရေပန်းအစားဆုံး ဖြစ်လာခဲ့တာပါ။

play

 

ဒေါ့မွန်အသင်းနဲ့အတူ ဂျာမန်ဖလားကို ဆွတ်ခူးနိုင်ခဲ့တဲ့ တူချယ်လ်ဟာ အရည်အသွေးပြည့်ဝတဲ့ နည်းပြတစ်ယောက်အဖြစ် သတ်မှတ်ခံထားရပီးတော့ အာဆင်နယ်အသင်းရဲ့ ကစားပုံနဲ့ သင့်တော်မှုရှိတဲ့ နည်းပြအဖြစ်လည်း သုံးသပ်ကြပါတယ်။ အာစင်ဝင်းဂါးအနေနဲ့လည်း အသင်းကို ယူရိုပါလိဂ် ကွာတားဖိုင်နယ်ကို ပို့ဆောင်ပေးထားနိုင်ပေမယ့် ချန်ပီယံလိဂ်ဝင်ခွင့် ဆုံးရှုံးခဲ့မယ်ဆိုရင်တော့ ရာသီကုန်မှာ အသင်းနဲ့ လမ်းခွဲရဖို့က သေချာပေါက်ဖြစ်လာဖွယ်ရှိကြောင်းလည်း သတင်းများက ရေးသားခဲ့ကြပါတယ်။

Source : sportskeeda

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD