AD
AD
AD

မန်ယူအသင်းမှာ အဆင်မပြေဖြစ်နေတဲ့ နည်းပြမော်ရင်ဟို နဲ့ ကွင်းလယ်လူ ပေါလ်ပေါ့ဂ်ဘာတို့ရဲ့ ဆက်ဆံရေးအခြေအနေပေါ်ကို ချယ်လ်ဆီးအသင်းမှာ မော်ရင်ဟိုနဲ့အတူလက်တွဲခဲ့ဖူးတဲ့ တိုက်စစ်မှူး ဒရော့ဘာက သုံးသပ်ပြောကြားခဲ့ပါတယ်။

play

 

မော်ရင်ဟိုဟာ ဒီနှစ်ဘောလုံးရာသီမှာ ပေါ့ဂ်ဘာအပေါ်ကို ဝေဖန်မှုတွေ မကြာခဏဆိုသလို ပြုလုပ်ခဲ့ပါတယ်။ ဒါ့အပြင် ပွဲထွက်ကစားသမားအဖြစ်မှလည်း ချန်လှပ်ခဲ့တာမျိုးတွေ ရှိခဲ့ပြီး ကောလာဟလများအရတော့ ပေါ့ဂ်ဘာဟာ အိုးထရက်ဖို့ဒ်မှာ ပျော်ရွှင်မှု မရှိတော့ပဲ နွေရာသီမှာ အသင်းကထွက်ခွာဖွယ် ရှိကြောင်းလည်း သိရပါတယ်။

play

 

ဒရော့ဘာက သူ့ရဲ့ နည်းပြဟောင်းရဲ့ အမူအကျင့်နဲ့ ပတ်သက်ပြီးတော့ Telefoot ကို ပြောကြားခဲ့ရာမှာတော့ -

 

" ကျွန်တော်နဲ့ သူ့ကြားမှာလည်း အဆင်မပြေမှုတွေ ရှိခဲ့ဖူးပါတယ်၊ ဟိုဆေးက သူ မနှစ်သက်တဲ့ ကစားသမားအပေါ်မှာ ဘယ်တော့မှ တိုက်ခိုက်တာမျိုး မလုပ်ဘူး၊ သူက ပေါ့ဂ်ဘာကို အရမ်းအားကိုးတယ်၊ ဒါကြောင့်လည်း ပေါ့ဂ်ဘာကို တာဝန်အများကြီး ပေးအပ်ခဲ့တာပေါ့" ပြောဆိုခဲ့ပါတယ်။

play

 

ပေါ့ဂ်ဘာကတော့ မန်ယူအသင်းမှာ ကွင်းလယ်တိုက်စစ်ပိုင်းအတွက်ရော၊ ခံစစ်ပိုင်းအတွက်ပါ ကစားပေးနေရသူ ဖြစ်ပြီး ကစားသမားကတော့ တိုက်စစ်ပိုင်းကို လွတ်လွတ်လပ်လပ် လိုက်ပါဆော့ကစားဖို့ အားသန်နေခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း မော်ရင်ဟိုရဲ့ တာဝန်ပေးမှုနဲ့ နည်းစနစ်ပိုင်းအရ ပေါ့ဂ်ဘာအတွက် အခက်တွေ့ခဲ့တာမျိုးတွေ ရှိခဲ့ပြီးနောက် သူတို့နှစ်ဦးကြားမှာ ဆက်ဆံရေးအဆင်မပြေမှုတွေ ရှိနေခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။

play

 

မန်ယူအသင်းကတော့ ပရီးမီးယားလိဂ်မှာ အဆင့် (၂) နေရာ ရပ်တည်နေပေမယ့် ဦးဆောင်သူ မန်စီးတီးအသင်းနဲ့ (၁၆)မှတ်အထိ ကွာဟနေခဲ့ပါတယ်။ ဒီနှစ်ဘောလုံးရာသီမှာ မန်ယူအသင်းအတွက် နောက်ဆုံးဖလားမျှော်လင့်ချက်အဖြစ် အက်ဖ်အေဖလား တစ်လုံးသာ ကျန်ရှိတော့တာဖြစ်ပြီးတော့ လာမယ့် ဧပြီ ၂၁ရက်နေ့မှာ တော့တင်ဟမ်ဟော့စပါးအသင်းနဲ့ ဆီမီးဖိုင်နယ်ပွဲ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Source : espn

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD