AD
AD
AD

မန်ယူနည်းပြမော်ရင်ဟိုဟာ နွေရာသီအပြောင်းအရွှေ့မှာ အာစင်နယ်ကွင်းလယ်လူ အာရွန်ရမ်ဆေးကို ခေါ်ယူဖို့အတွက် အက်ဝုဒ်ဝက်ဒ်ကို ပြောကြားခဲ့ကြောင်း သိရပါတယ်။

play

 

ရမ်ဆေးအနေနဲ့ မန်ယူအသင်းရဲ့ ကွင်းလယ်ပိုင်းမှာ ပေါလ်ပေါ့ဂ်ဘာထက် ပိုပြီးတော့ အသုံးဝင်တဲ့ ကစားသမားတစ်ဦးလို့ မော်ရင်ဟိုက ရှုမြင်ထားပြီးတော့ ရမ်ဆေးကို ခေါ်ယူဖို့အတွက် စဉ်းစားနေတာ ဖြစ်ပါတယ်။

play

 

ရမ်ဆေးကို ခေါ်ယူဖို့အတွက် ချယ်လ်ဆီး နဲ့ ဂျူဗင်တပ်စ်တို့ကလည်း စိတ်ဝင်စားနေပြီး ကစားသမားရဲ့ တန်ကြေးဟာ ပေါင် ၃၅သန်းအထိ ရှိနေပါတယ်။ ကစားသမားကိုယ်တိုင်ကလည်း အာဆင်နယ်အသင်းနှင့် စာချုပ်သစ် ချုပ်ဆိုဖို့ ညှိနှိုင်းရာမှာ အဆင်မပြေတဲ့အတွက် အသင်းပြောင်းရွှေ့ဖို့ စိတ်အားထက်နေခဲ့ပါတယ်။

play

 

မော်ရင်ဟိုကတော့ လာမယ့်နှစ်အတွက် အသင်းကို ပြုပြင်ပြောင်းလဲမှုမှာ ရမ်ဆေးကို အဓိကပစ်မှတ်အဖြစ် သတ်မှတ်ထားပြီးတော့ အသင်းကို အရခေါ်ယူဖို့အတွက် ၀ုဒ်ဝက်ဒ်ကို တွန်းအားပေးလိုက်တာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် ရမ်ဆေးဟာ ပေါ့ဂ်ဘာထက် ပိုပြီးကောင်းမွန်တဲ့ ကစားသမားလို့လည်း ပြောကြားခဲ့တယ်လို့ The Sun ရဲ့ ရေးသားမှုကို ကိုးကားပြီး Metro က ဖော်ပြခဲ့ပါတယ်။

play

 

ပေါ့ဂ်ဘာရဲ့ မန်ယူကစားသမားဘ၀ အနာဂတ်ဟာ သေချာမှုမရှိသေးပဲနဲ့ မော်ရင်ဟိုက ပေါ့ဂ်ဘာကို ရောင်းထုတ်တော့မယ်ဆိုတဲ့ သတင်းတွေလည်း ပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်းက ထွက်ပေါ်ခဲ့ပါသေးတယ်။

Source : Metro

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD