AD
AD
AD

မန်စီးတီးအသင်းရဲ့ တိုက်စစ်မှူး အဂူရိုက မန်စီးတီးအသင်းနဲ့ ချုပ်ဆိုထားတဲ့ စာချုပ် သက်တမ်း ကုန်ဆုံးသွားပါက အခြား ဘယ်ဥရောပ အသင်း တွေကိုမှ ပြောင်းရွှေ့တော့မှာ မဟုတ်ဘူးလို့ ထုတ်ဖော်ပြောကြားလာခဲ့ပါတယ်။

play

 

အဂူရိုနဲ့ မန်စီးတီးတို့ရဲ့ စာချုပ်သက်တမ်းမှာ ၂၀၂၀ အထိ ရှိနေတာ ဖြစ်ပြီး စာချုပ်သက်တမ်း ပြည့်ပါက စာချုပ်သက်တမ်း တိုးသွားဖို့ ဆောင် ရွက်သွားမှာ မဟုတ်သလို အခြား ဥရောပကလပ်အသင်းတွေကိုလည်း ပြောင်းရွှေ့မှာ မဟုတ်ဘူးလို့ အဂူရိုက ထုတ်ဖော်ပြောခဲ့တာ ဖြစ်ပါတယ်။

play

 

၎င်းအနေနဲ့ မွေးရပ်မြေ အသင်းဖြစ်တဲ့ အာဂျင်တီးနားကလပ် အက်သလက်တီကို အင်ဒီပန်းဒီးရန့်တီအသင်းကိုသာ ပြန်သွားတော့မှာ ဖြစ်တယ် လို့ အဂူရိုက ပြောခဲ့ပါတယ်။

play

 

"စာချုပ်သက်တမ်း က ၂၀အထိ ရှိပါတယ်။ဒါပြီးရင်တော့ ဘာစာချုပ်အသစ်မှ ရှိတော့မှာ မဟုတ်ပါဘူး။မွေးရပ်မြေကို ပြန်ပါတော့မယ်။" လို့ အဂူ ရိုက ထုတ်ဖော်ပြောခဲ့ပါတယ်။

အဂူရိုမှာ လက်ရှိ အသက် ၂၉ နှစ်ရှိနေပြီး ၁၉၉၇ ခုနှစ်က မွေးရပ်မြေဖြစ်တဲ့ အင်ဒီးပန်းဒီရန်တီအသင်းမှာ ကစားခဲ့ပြီးနောက် အက်သလက်တီ ကို အသင်းကို ပြောင်းရွှေ့ခဲ့သူ ဖြစ်ပါတယ်။

အဲ့နောက် ၂၀၁၁ ခုနှစ်မှာ မန်စီးတီးကို ရောက်လာပြီး ၂၀၂၀ ခုနှစ်အထိ စာချုပ်သက်တမ်း ရှိနေတာလည်း ဖြစ်ပါတယ်။မန်စီးတီးမှာ ရှိနေစဉ် ပရီးမီးယားလိဂ် ချန်ပီယံ ၂ ကြိမ်အထိ ဆွတ်ခူးနိုင်ခဲ့ပြီး ယခုနှစ်မှာလည်း နည်းပြ ပက်ရဲ့ ဦးဆောင်မှုနဲ့ ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်ဖို့ ထိပ်ဆုံးက ဦးဆောင်နိုင်နေပါတယ်။

ယခုနှစ်မှာ မန်စီးတီးအတွက် ပြိုင်ပွဲစုံ သွင်းဂိုး၃၀ သွင်းယူပေးထားပြီး ကာရာဘောင်ဖလားကိုလည်း ဆွတ်ခူးထားပြီဖြစ်သလို ချန်ပီယံလိဂ် ကွာ တားဖိုင်နယ်ကိုလည်း တက်လှမ်းထားနိုင်ပါတယ်။

Source- Goal.com

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD