AD
AD
AD

အင်္ဂလန်ကတော့ အကောင်းဆုံးကစားသမားများ မွေးထုတ်ရာ နိုင်ငံတစ်ခုဖြစ်ပြီးတော့  အရည်အသွေးရှိ ကစားသမားများ ပေါ်ထွက်ရာ နိုင်ငံတစ်ခုလည်း ဖြစ်ပါတယ်။ ဘော်ဘီချာလ်တန်၊ ကီဗင်ကီးဂန်း၊ မိုက်ကယ်အိုဝင်တို့ဟာ  အင်္ဂလန်အတွက် အကောင်းဆုံး ကစားသမားတွေအဖြစ် မှတ်တမ်းဝင်ခဲ့သူတွေဖြစ်ပါတယ်။ ၂၀၀၁ ခုနှစ်မှာ မိုက်ကယ်အိုဝင်က အင်္ဂလန် ကစားသမားတွေထဲက ဘလွန်းဒီအောဆု ရရှိခဲ့တဲ့ ကစားသမားဖြစ်ခဲ့ပါတယ်။ လက်ရှိ အင်္ဂလန်မျိုးဆက်တွေ ထဲမှာလည်း   အရည်အသွေးပြည့်ဝပြီး ထူးချွန်တဲ့ ကစားသမားတွေ ရှိနေခဲ့ပါတယ်။ ဒါကြောင့်မို့ ဘလွန်းဒီအောဆု ရရှိနိုင်မယ့် အင်္ဂလန်ကစားသမားတွေ (၅) ဦးကို ဖော်ပြလိုက်ရပါတယ်။

 

ရွိုင်ယန်ဆက်ဆက်နွန်

play

 

ဆက်ဆက်နွန်ကတော့ အသက် ၁၇ နှစ်အရွယ်သာ ရှိသေးပြီး အင်္ဂလန်အသင်းရဲ့ အနာဂတ်မျိုးဆက်သစ် အဖြစ်  မျှော်လင့်ခံထားရသူဖြစ်ပါတယ်။ ဖူလ်ဟမ်အသင်းမှာ ခြေစွမ်းပြနေတဲ့ လူငယ်ကစားသမားလေးဟာ အသင်းကြီးများစွာက စောင့်ကြည့်နေခဲ့တဲ့ ကစားသမားအဖြစ်လည်း တည်ရှိနေခဲ့ပါတယ်။ အင်္ဂလန်ပထမတန်းလိဂ်မှာ ဖူလ်ဟမ်အသင်းရဲ့ အဓိက ကစားသမားအဖြစ် ခြေစွမ်းပြနေခဲ့ပြီးတော့ ၂၁ရာစုမှာ မွေးဖွားခဲ့ပြီး ဂိုးအများဆုံးသွင်းယူခဲ့တဲ့ ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ ဖူလ်ဟမ်အသင်း အတွက် ၃၈ ပွဲကစားပြီးတော့ ၁၄ ဂိုးသွင်းယူပေးထားပြီးတော့ ချန်ပီယံရှစ်ရဲ့ အကောင်းဆုံးကစားသမားဆုကို ရရှိဖို့လည်း ရေပန်းစားနေခဲ့ပါတ်ယ။ ကလပ်အသင်းကြီးများစွာက စိတ်ဝင်စားနေခဲ့ပြီးတော့ သူ့အနေနဲ့ ဒီထက်မကပိုမြင့်မားတဲ့ ကစားသမားဘ၀ကို ရရှိနိုင်ဖို့ အခွင့်အရေးရှိနေပါပြီ။

 

မားကပ်စ်ရက်ဖို့ဒ်

play

 

မန်ယူအသင်းက ထွက်ပေါ်လာခဲ့တဲ့ မားကပ်စ်ရက်ဖို့ဒ်ကတော့ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးလူငယ်ကစားသမား စာရင်းဝင်ဖြစ်ပီးတော့ သူ့ရဲ့ အသက်ဟာ (၂၀) သာ ရှိပါသေးတယ်။ မန်ယူအသင်းရဲ့ အဓိက ကစားသမားအဖြစ်လည်း သတ်မှတ်ခံထားရသူ ဖြစ်ပါတယ်။ လူးဝစ္စဗန်ဂါးလက်ထက်မှာ မန်ယူအသင်းကြီးအတွက် ပွဲထွက်ခွင့်ရခဲ့ပြီးတော့ သူ့ရဲ့ ပရော်ဖက်ရှင်နယ်ကစားသမား ပွဲဦးထွက် ၁၁ပွဲမှာ ၅ဂိုးအထိ သွင်းယူနိုင်ခဲ့သူ ဖြစ်ပါတယ်။ လက်ရှိမှာတော့ ရက်ဖို့ဒ်ဟာ မန်ယူအသင်းအတွက် စုစုပေါင်း ပွဲ ၇၀  ကစားခဲ့ပြီးတော့ ၁၆ ဂိုးသွင်းယူထားနိုင်ခဲ့ပါတယ်။ ဒါ့အပြင် မန်ယူနဲ့အတူ ယူရိုပါလိဂ်ဖလား၊ အက်ဖ်အေဖလား၊ ကွန်မြူနတီဒိုင်းနဲ့ လိဂ်ဖလားတို့ကို ဆွတ်ခူးထားနိုင်ခဲ့ပါတယ်။ အင်္ဂလန်အသင်းရဲ့ မျိုးဆက်သစ် ကစားသမားအဖြစ် ရက်ဖို့ဒ်ဟာ သတ်မှတ်ခံထားရပြီး သူ့ရဲ့ တိုးတက်မှုတွေက ကျေနပ်စရာကောင်းနေခဲ့ပါတယ်။

 

ဒယ်လီအလီ

play

 

အသက် ၂၁ နှစ်အရွယ်သာရှိသေးပြီးတော့ အလီဟာ သူကိုယ်တိုင် ကမ္ဘာ့အကောင်းဆုံးကွင်းလယ်လူအဖြစ် သက်သေပြနိုင်ခဲ့ပါတယ်။ အဆုံးသတ်ပိုင်းကောင်းမွန်ပြီးတော့ ဖန်တီးပေးနိုင်တဲ့ စွမ်းရည်လည်းရှိပြီး တော့တင်ဟမ်အသင်းကို ၂၀၁၅ ခုနှစ်က ပြောင်းရွှေ့လာခဲ့သူဖြစ်ပါတယ်။ ပရီးမီးယားလိဂ်မှာ ၉၉ ပွဲကစားပေးထားပြီးတော့ ၃၄ ဂိုးအထိ သွင်းယူထားနိုင်ခဲ့တဲ့ ဂိုးသွင်းနှုန်းမြင့်ကွင်းလယ်လူဖြစ်ပြီးတော့ ပရီးမီးယားလိဂ်ရဲ့ လူငယ်ကစားသမားဆုကို ၂နှစ်ဆက်တိုက် ရရှိထားသူလည်း ဖြစ်ပါတယ်။  ဒီနှစ်ဘောလုံးရာသီမှာ စပါးအသင်းအတွက် ၂၃ ပွဲကစားပေးထားပြီး ၂ဂိုးသွင်းယူပေးထားကာ အင်္ဂလန်အသင်းရဲ့ အဓိကကစားသမားအဖြစ် ကမ္ဘာ့ဖလားမှာ မြင်တွေ့ရဖွယ်ရှိနေခဲ့ပါတယ်။ မဝေးတော့တဲ့ အနာဂတ်မှာ ဘလွန်းဒီအောဆုအတွက် စိန်ခေါ်နိုင်တဲ့ အင်္ဂလိပ်ကစားသမားအဖြစ် သတ်မှတ်ခံထားရသူလည်း ဖြစ်ပါတယ်။

 

ရာဟင်စတာလင်

play

 

မန်စီးတီးအသင်းရဲ့ တောင်ပံကစားသမားဖြစ်သူ စတာလင်ဟာ အင်္ဂလန်အတွက်တော့ အကောင်းဆုံးတိုက်စစ်ကစားသမားအဖြစ် သတ်မှတ်ခံထားရပါတယ်။ လက်ရှိဘောလုံးရာသီမှာ မန်စီးတီးအသင်းအတွက် ၃၇ ပွဲကစားပြီးတော့ ဂိုး ၂၀ အထိ သွင်းယူ ပေးထားသူလည်း ဖြစ်ပါတယ်။ လီဗာပူးလ်အသင်းမှာ ပရော်ဖက်ရှင်နယ်ဘောလုံးသမားဘ၀ကို စတင်ခဲ့ပြီး လေးနှစ်ကြာကစားခဲ့ပြီး ပွဲပေါင်း ၉၀ မှာ ၁၈ ဂိုးအထိ သွင်းယူပေးနိုင်ခဲ့ပါတယ်။  ၂၀၁၄ ခုနှစ်မှာတော့ Golden Boy ဆုကို ဆွတ်ခူးနိုင်ခဲ့ပြီး မန်စီးတီး အသင်းကို ပြောင်းရွှေ့ခဲ့ပြီးနောက် ဂွာဒီယိုလာရဲ့ အဓိကကစားသမားအဖြစ် မန်စီးတီးအသင်းမှာ ကစားနေခဲ့သူဖြစ်ပါတယ်။ သူ့ရဲ့ စွမ်းဆောင်ရည်ဟာ မန်စီးတီးအသင်းမှာ တိုးတက်လာခဲ့ပြီးတော့ အတွေ့အကြုံနဲ့ စွမ်းရည်ပြည့်ဝလာခဲ့ပြီး ဘလွန်းဒီအောဆုကို စိန်ခေါ်နိုင်တဲ့ အင်္ဂလန်ကစားသမားအဖြစ် စာရင်းဝင်လာခဲ့ပါတယ်။

 

ဟာရီကိန်း

play

 

ဒီနှစ်ဘောလုံးရာသီမှာတော့ ဟာရီကိန်းရဲ့ ခြေစွမ်းက အမြင့်ဆုံးမှ ရှိနေခဲ့ပါတယ်။ လတ်တလောမှာ ဒဏ်ရာရရှိနေခဲ့ပြိးတော့ မိုဟာမက်ဆာလာရဲ့ နောက်ကောက်ချမှုကို ခံခဲ့ရပြီးတော့ ပရီးမီးယားလိဂ်ရွှေဖိနပ်ဆုကို သုံးနှစ်ဆက်တိုက်ရယူနိုင်မယ့် သူ့ရဲ့ မျှော်လင့်ချက်ဟာ မှေးမှိန်လာခဲ့ပါတယ်။ ၂၀၁၇ ခုနှစ်မှာ အင်္ဂလန်ရဲ့ အကောင်းဆုံးကစားသမားဆုကို ရရှိခဲ့ပြီးတော့ လာမယ့် ကမ္ဘာ့ဖလားပွဲမှာ အဓိကတိုက်စစ်မှူးအဖြစ် ဟာရီကိန်းက ပါဝင်နေခဲ့ပါတယ်။ ၂၀၁၇ ခုနှစ်ရဲ့ အကောင်းဆုံး ကစားသမား စာရင်းမှာ ဟာရီကိန်းဟာ အဆင့် (၅) နေရာမှာ သတ်မှတ်ခံခဲ့ရပြီးတော့ ရီးရဲလ်မက်ဒရစ်အသင်းရဲ့ စိတ်ဝင်စားမှုကို ရရှိနေခဲ့သူလည်း ဖြစ်ပါတယ်။  စီရော်နယ်ဒို နဲ့ လီယွန်နယ်မက်ဆီတို့ရဲ့ ဘလွန်းဒီအောဆုပြိုင်ပွဲအဆုံးသတ်မှာ ဟာရီကိန်းဟာ ဒီဆုကို ရယူဖို့အတွက် အလားအလာအရှိဆုံး ကစားသမားအဖြစ်လည်း ထင်ကြေးပေးခံနေခဲ့ရသူပါ။

Source: sportskeeda

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD