AD
AD
AD

လက်ရှိမန်စီးတီး နည်းပြ ဂွါဒိယိုလာဟာ မန်စီးတီးအသင်းအပါအ၀င် ကမ္ဘာ့ထိပ်တန်း ကလပ်အသင်း ၃ ခုကို တာဝန်ယူ ကိုင်တွယ်ခဲ့တဲ့ နည်းပြ ဖြစ်ပါတယ်။

နည်းပြ သက်တမ်း တစ်လျှောက် ဘာစီလိုနာနဲ့ အတူ အောင်မြင်မှုတွေ ရရှိခဲ့ပြီးနောက် ဘိုင်ယန်မြူးနစ်အသင်းကို ကိုင်တွယ်ခဲ့ပါတယ်။အဲ့နောက် အခုချိန်မှာတော့ မန်စီးတီးအသင်းကို တာဝန်ယူကိုင်တွယ်နေပါတယ်။

သူ့အနေနဲ့ အောင်မြင်မှုတွေ ရယူနိုင်ပေမယ့်လည်း တစ်ခါတရံမှာ မယုံကြည်နိုင်လောက်ဖွယ် ဆုံးဖြတ်ချက်တွေကြောင့်လည်း အံ့အားသင့်ဖွယ် ဖြစ်ရပါတယ်။

အဆိုပါ မယုံကြည်နိုင်လောက်ဖွယ် ဂွါဒီယိုလာရဲ့ ဆုံးဖြတ်ချက်တွေထဲက အံ့အားသင့်ဖွယ် ကစားသမားရောင်းထုတ်မှု (၅)ခုကို ဖော်ပြပေးသွား မှာ ဖြစ်ပါတယ်။

play

 

(၅) ယာယာ တိုရေး
-------------------

ယာယာတိုရေးနဲ့ ဂွါဒီယိုလာတို့ဟာ မန်စီးတီးမှာ အတူတူတွဲဖက် လုပ်ကိုင်နေခဲ့တာဟာ ဘာစီလိုနာက အရှိန်တွေကြောင့်တော့ မဟုတ်ပါဘူး။ ဂွါဒီယိုလာဟာ အိုင်ဗရီကို့စ်လက်ရွေးစင်ရဲ့ ပရိသတ်တစ်ဦးတော့ မဟုတ်ခဲ့ပဲ ၎င်းကို အချိန်ပြည့်အသုံးပြုဖို့အတွက် ငြင်းဆန်ခဲ့သူလည်း ဖြစ်ပါ တယ်။

မန်စီးတီးကို ဂွါဒီယိုလာ ရောက်ရှိလာပြီးနောက် ၎င်းတို့ နှစ်ဦးကြားက ဆက်ဆံရေးကို တိုရေးက ထုတ်ဖော်ပြောခဲ့ရာမှာတော့ -" ဘယ်အချိန် ကျွန်တော်သူ့ကို စကားပြောပြော သူကျွန်တော့်ကို ဆန့်ကျင်ဖက်တွေပဲ ပြောပါတယ်။ဒါကလည်း ကျွန်တော် ဘာစီလိုနာကနေ ထွက်ခွာရတဲ့ အကြောင်းရင်းပါ။ ကျွန်တော်လည်း သူ့ကို စကားမပြောချင်တော့ဘူးလေ။" လို့ ထုတ်ဖော်ပြောခဲ့ပါတယ်။

တိုရေးမှာ ဘာစီလိုနာအသင်းမှာ နည်းပြ ပက်ဂွါဒီယိုလာလက်အောက် ကစားခဲ့သူတစ်ဦးဖြစ်ပြီး လစ်လျူရှုခြင်းခံထားခဲ့သူလည်း ဖြစ်ပါတယ်။ ၎င်းထက် ဆာဂျီယို ဘတ်စ်ဂွက်ကို ပိုမို ဦးစားပေး နေခဲ့ခြင်းကြောင့်လည်း ၂၀၁၁ ခုနှစ်မှာ ထွက်လာခဲ့ရတာလို့ တိုရေးက ဆိုပါတယ်။

play

 

(၄) ဆင်မြူရယ် အီတိုး
----------------------

အီတိုးဟာ ဘာစီလိုနာအတွက် အကောင်းဆုံး ကစားသမားတွေထဲက တစ်ဦးအပါအ၀င်ပါပဲ။ဘာစီလိုနာမှာ ကစားခဲ့စဉ် ၄နှစ်မှာ ပွဲပေါင်း ၁၄၇ ပွဲ ကစားပေးခဲ့ပြီး ဂိုးပေါင်း ၉၄ ဂိုးသွင်းယူခဲ့သူ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း နည်းပြ ဂွါဒီယိုလာဟာ အီတိုးကို အထင်မကြီးခဲ့ပဲ အခြားသော ကစားသမားနဲ့သာ အစားထိုးဖို့ ကြိုးပမ်းခဲ့တာလည်း ဖြစ်ပါ တယ်။

ပက်ရဲ့ ပထမဆုံးနည်းပြ ရာသီမှာပဲ အီတိုးက ၃၉ ဂိုးအထိ သွင်းယူပေးခဲ့ပေမယ့် နွေရာသီမှာ ရောင်းချမယ့် စာရင်းမှာ ထည့်သွင်းခံခဲ့ရပါတယ်။ နောက်ဆုံးတော့ ဘာစီလိုနာကို အီဘရာဟီမိုဗစ် ရောက်ရှိလာဖို့ အကြောင်းဖန်ခဲ့တော့တာ ဖြစ်ပါတယ်။

play

 

(၃) ဇလာတန် အီဘရာဟီမိုဗစ်
------------------------------

အင်တာမီလန်ကနေ ခေါ်ယူခဲ့တဲ့ ဇလာတန်အတွက် ဘာစီလိုနာအသင်းဟာ ယူရို သန်း ၄၀ အပါအ၀င် တိုက်စစ်မှူး အီတိုးကိုပါ အလိုက်ပေးခဲ့ ရပါတယ်။

ဇလာတန်ဟာ ဘာစီလိုနာကို ရောက်ရောက်ချင်းမှာ ဘယ်လောက်အထိ စွမ်းဆောင်နိုင်တယ်ဆိုတာ ပြသနိုင်ဖို့ ဂွါဒီယိုလာက အခွင့်အရေး ပေးခဲ့ပါတယ်။

ဆောင်းရာသီကုန်ပြီးနောက်မှာတော့ ဇလာတန်ဟာ မကြခဏထက်ပိုပြီး အရံခုံမှာ ထိုင်လာရပါတော့တယ်။နောက်ဆုံး နွေရာသီလည်းရောက် ရော အေစီမီလန်ကို ထိုးရောက်လိုက်ပြန်ပါတော့တယ်။

play

 

(၂) ရော်နယ်ဒင်ဟို
-------------------

ဘာစီလိုနာကို ဂွါဒီယိုလာ စတင်ကိုင်တွယ်ချိန်မှာ ဒင်ဟိုရဲ့ အသက်က ၂၈ နှစ်ပဲ ရှိပါသေးတယ်။ဒါပေမယ့်လည်း ၂၀၀၇-၀၈ ဘောလုံးရာသီက ဘရာဇီးကစားသမားတွေ ဆိုးရွားခဲ့ပြီး ဒဏ်ရာတွေနဲ့ နပန်းလုံးနေခဲ့ရပါတယ်။

မကြာမီမှာတော့ ဂွါဒီယိုလာက စိတ်မရှည်တော့ပဲ ဒင်ဟိုကိုလည်း ရောင်းထုတ်ဖို့ စတင် ပြင်ဆင်လာပါတော့တယ်။အကြောင်းရင်းကတော့ ဒင်ဟို ရဲ့ ဘောလုံးအပြင်ဖက်က နေထိုင်မှုပုံစံကို မကြိုက်လို့ပဲ ဖြစ်ပါတယ်။

၎င်းကို ဘာစီလိုနာက ရောင်းထုတ်ဖို့လုပ်တော့ မန်စီးတီးက ကမ်းလှမ်းခဲ့ပါသေးတယ်။ဒါပေမယ့် ဒင်ဟိုက ဖယ်ချခဲ့ပြီး အေစီမီလန်ကိုသွားဖို့သာ ရွေးချယ်ခဲ့ပါတယ်။

play

 

(၁) တိုနီခရူးစ်
--------------

ဂျာမနီနဲ့အတူ ၂၀၁၄ ကမ္ဘာ့ဖလား ရယူခဲ့ပြီးနောက် ခရူးတစ်ယောက် ဘိုင်ယန်မြူးနစ်ကစားသမားဖြစ်လာခဲ့ပါတယ်။စာချုပ်သက်တမ်းတိုးဖို့ တောင်းဆိုခဲ့ပေမယ့်လည်း မဖြစ်လာခဲ့ပါဘူး။အကြောင်းကတော့ ဂွါဒီယိုလာက ဂေါ့ဇီကို ခေါ်ယူချင်နေတာကြောင့် ခရူးစ်ကို ရောင်းထုတ်ချင်နေ လို့ ဖြစ်ပါတယ်။

နောက်ဆုံးတော့ ဘိုင်ယန်မြူးနစ်က ခရူးစ်အပေါ် အကြောင်းပြချက်ပေးလာခဲ့ပြီး တစ်နှစ်ယူရို ၁၀ သန်းပေးချေနေရတာကို မနှစ်မြို့တော့ ကြောင်းပြောလာပါတော့တယ်။

နောက်ဆုံးမှာတော့ ခရူးစ်တစ်ယောက် ရီးရဲကို ရောက်လာပြီး ချန်ပီယံလိဂ် ၂ နှစ်ဆက် ရယူဖို့ ဖြစ်လာတော့တာပါပဲ။

Source- Sportskeeda

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD