AD
AD
AD

ဆော်ဒီတိုက်စစ်မှူး မိုဟာမက်အယ်လ်ဆာလ၀ီဟာ မန်ချက်စတာယူနိုက်တက်အသင်းနဲ့အတူ (၃) ပတ်ကြာ လေ့ကျင့်ရေး ပူးပေါင်းဆောင်ရွက်မှု ပြုလုပ်တော့မှာ ဖြစ်တယ်လို့ သိရပါတယ်။ အသက် ၃၁ နှစ်အရွယ်ရှိပြီဖြစ်တဲ့ တိုက်စစ်မှူးဟာ ကမ္ဘာ့ဖလားပွဲအတွက် ကြိုတင် ပြင်ဆင်မှုအနေနဲ့ မန်ယူအသင်းမှာ လေ့ကျင့်ခန်းပြုလုပ်မှာ ဖြစ်ပါတယ်။

play

 

ဆော်ဒီအသင်းအတွက် ၃၃ပွဲကစားပြီး ၂၆ ဂိုးသွင်းယူပေးထားတဲ့ အယ်လ်ဆာလ၀ီဟာ အသင်းရဲ့ အဓိကတိုက်စစ်မှူးဖြစ်ပြီးတော့ ဆော်ဒီအသင်းကတော့ ကမ္ဘာ့ဖလားပွဲမှာ အုပ်စု (အေ) အတွင်း ကျရောက်နေပြီး အိမ်ရှင်ရုရှနဲ့ အဖွင့်ပွဲ ယှဉ်ပြိုင် ကစားရမှာလည်း  ဖြစ်ပါတယ်။

play

 

ဘယ်လ်ဂျီယံအသင်းကို လေးဂိုးပြတ်နဲ့ ရှုံးနိမ့်ပြီးနောက် ဆော်ဒီအာရေဗျနိုင်ငံရဲ့ အထွေထွေအားကစားအာဏာပိုင် တာကီအယ်လ်ရှိတ်ခ်က အယ်လ်ဆာလ၀ီဟာ မန်ယူအသင်းနဲ့အတူ လေ့ကျင့်ခန်းဆင်းမှာဖြစ်ကြောင်း အတည်ပြုခဲ့ပါတယ်။

play

 

" မန်ချက်စတာယူနိုက်တက်အသင်းနဲ့အတူ လေ့ကျင့်ခွင့်ပြုလုပ်ဖို့ သဘောတူညီမှု ရရှိပြီးပါပြီ၊ သူ့အတွက် ဘုရားသခင် ကောင်းချီးပေးပါစေ" လို့ အယ်လ်ရှိတ်ခ်က သူ့ရဲ့ တွစ်တာအကောင့်မှာ ရေးသားထားပါတယ်။ ဒီအစီအစဉ်ဟာ ဆော်ဒီအသင်းရဲ့ ဘောလုံးလောကဖွံ့ဖြိုးတိုးတက်ရေး စီမံချက်အတွက် အစိတ်အပိုင်းတစ်ခုဖြစ်ပြီးတော့ သူတို့ရဲ့ ပမာဏခြေလှမ်းအစတစ်ခုလည်း ဖြစ်လာပါတယ်။

play

 

" စိတ်လှုပ်ရှားစရာကောင်းတဲ့ အစီအစဉ်တစ်ခုပါပဲ၊ ဆော်ဒီအားကစားလောကအတွက် ပြောင်းလဲမှုတစ်ခုလည်း ဖြစ်ပါတယ်" လို့ အယ်လ်ရှိတ်ခ်က ဆော်ဒီအသင်းရဲ့ တရားဝင်ဝက်ဘ်ဆိုက်ကနေလည်း ပြောကြားခဲ့ပါတယ်။ ဒီနှစ်ဘောလုံးရာသီအစမှာ မန်ယူအသင်းနဲ့ ဆော်ဒီအားကစားအာဏာပိုင်အဖွဲ့အစည်းတို့ကြားမှာ မိတ်ဖက်အဖြစ် ဆောင်ရွက်ဖို့အတွက် သဘောတူညီမှုစာချုပ်ချုပ်ဆိုခဲ့ပြီးတော့ အခုဆိုရင် ပူးပေါင်းဆောင်ရွက်မှုတွေ စတင်ခဲ့တာလည်း ဖြစ်ပါတယ်။

Source : sportskeeda

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD