AD
AD
AD

ဒဏ်ရာကြောင့်အနားယူနေခဲ့ရသော အာဆင်နယ်တိုက်စစ်မှူး လာကာဇက်ဟာ စတုတ်စီးတီးနဲ့ ကစားရမယ့်ပွဲမှာ ပြန်လည်ပါဝင်လာတော့မယ်လို့ သိရပါတယ်။ ဖေဖော်ဝါရီလအတွင်းမှာ ဒဏ်ရာရရှိခဲ့ပြီး ခြောက်ပတ်ကြာအနားယူခဲ့ရအပြီးမှာ လာကာဇက်ဟာ အသင်းအတွက် ပြန်လည်ပွဲထွက်နိုင်တော့မှာလည်း ဖြစ်ပါတယ်။

play

 

လာကာဇက်ဟာ အာဆင်နယ်အသင်းနဲ့အတူ လေ့ကျင့်ခန်းပြန်လည် ပြုလုပ်နေပြီဖြစ်ပြီးတော့ စတုတ်နဲ့ပွဲမှာ သူ့ကို ထည့်သွင်း ကစားဖို့အတွက် နည်းပြကြီး အာစင်ဝင်းဂါးက စဉ်းစားနေကြောင်း Daily Mail က ဖော်ပြခဲ့ပါတယ်။ ဗုဒ္ဓဟူးနေ့က အသင်းရဲ့ လေ့ကျင့်ခန်းအစီအစဉ်မှာ လာကာဇက်ဟာ ကောင်းမွန်စွာဖြတ်သန်းနိုင်ခဲ့ပြီးနောက်မှာ အာစင်ဝင်းဂါးက လာကာဇက်ကို အသင်းအရံလူစာရင်းမှာ ထည့်သွင်းဖို့ စိတ်အားထက်သန်နေတာလည်း ဖြစ်ပါတယ်။

play

 

ပြီးခဲ့တဲ့ နွေရာသီအပြောင်းအရွှေ့ကာလမှာ ကလပ်အသင်းရဲ့ စံချိန်တင်ခေါ်ယူမှုအဖြစ် ပေါင် ၅၂ သန်းနဲ့ လိုင်ယွန်အသင်းမှ ပြောင်းရွှေ့လာခဲ့တဲ့ လာကာဇက်ဟာ အာဆင်နယ်အသင်းမှာ ပုံမှန်ပွဲထွက်ခွင့်ရဖို့ ရုန်းကန်နေခဲ့ရပြီး အူဘာမီယန် ပြောင်းရွှေ့လာပြီးနောက် ပွဲအများစုကို အရံခုံမှာသာ ဖြတ်သန်းနေခဲ့ရပါတယ်။

play

 

လာကာဇက် ဒဏ်ရာရခဲ့အပြီးမှာ အခြားတိုက်စစ်မှူးဖြစ်သူ ဒန်နီဝဲလ်ဘက်ခ်က ပွဲထွက်ခွင့်ရခဲ့ပြီးတော့ ယူရိုပါလိဂ်ပွဲစဉ်တွေမှာ ခြေစွမ်းပြနိုင်ခဲ့ပါတယ်။ ယူရိုပါလိဂ်ကွာတားဖိုင်နယ်မှာတော့ အာဆင်နယ်အသင်းဟာ စီအက်စ်ကေအေမော်စကိုနဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။  ဆက်စပ်သတင်းများအရ အင်္ဂလန်အသင်းရဲ့ နိုင်ငံတကာခြေစမ်းပွဲများကို လွဲချော်ခဲ့တဲ့ ကွင်းလယ်လူဝီရှိုင်းယားဟာလည်း အသင်းအတွက် ပြန်လည်ပါဝင်နိုင်မယ်လို့ သိရပါတယ်။

ှSource : Metro

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD