AD
AD
AD

မန်ချက်စတာယူနိုက်တက်နောက်ခံကစားသမားဟောင်း၊ ဆန်းဒါးလန်းအသင်းတွင် လက်ရှိကစားနေသော ဂျွန်အိုရှေးသည် ယခုနှစ်ရာသီကုန်တွင် ဘောလုံးကစားသမားဘ၀ အနားယူတော့မှာဖြစ်ကြောင်း သိရပါတယ်။

play

 

အိုင်ယာလန်လက်ရွေးစင်အဖြစ်လည်း ကစားပေးခဲ့သူ ဂျွန်အိုရှေးဟာ မန်ယူအသင်းနဲ့အတူ ပရီးမီယားလိဂ်ဖလား (၅)ကြိမ် ရရှိခဲ့သူဖြစ်ပြီးတော့ မန်ယူအသင်းမှာ ၁၂နှစ်ကြာ ကစားခဲ့သူလည်း ဖြစ်ပါတယ်။ ဒါ့အပြင် ၂၀၀၈ ခုနှစ် ချန်ပီယံလိဂ်ဖလားကို မန်ယူအသင်း ဆွတ်ခူးခဲ့စဉ်ကလည်း အိုရှေးဟာ ပါဝင်ခဲ့ပြီးတော့ အက်ဖ်အေဖလား၊ လိဂ်ဖလား၊ ကွန်မြူနတီဒိုင်း နဲ့ ကမ္ဘာ့ကလပ်များဖလားကိုလည်း ရရှိခဲ့သူ ဖြစ်ပါတယ်။

play

 

၂၀၁၁ ခုနှစ်မှာတော့ အိုရှေးဟာ မန်ယူအသင်းကနေ ဆန်းဒါးလန်းကို ပြောင်းရွှေ့ခဲ့ပြီးတော့ ယခုအခါ အင်္ဂလန်ချန်ပီယံရှစ်မှာ ကစားလျက်ရှိနေသူပါ။ ဆန်းဒါးလန်းအသင်းနဲ့အတူ ၂၀၁၃-၁၄ ဘောလုံးရာသီမှာ လိဂ်ဖလားဖိုင်နယ်အဆင့်ကို ရောက်ရှိခဲ့ပြီးတော့ မန်စီးတီးအသင်းကို ၃-၁ ဂိုးနဲ့ ရှုံးနိမ့်ပြီး ဒုတိယနေရာပဲ ရရှိခဲ့ပါတယ်။

play

 

အသက် (၃၆) နှစ်အရွယ်ရှိပြီဖြစ်တဲ့ သရဲနီကစားသမားဟောင်းဟာ နိုင်ငံအသင်းအတွက် ၁၁၆ ပွဲအထိ ကစားပေးခဲ့ပြီးတော့ အခုဆိုရင် အနားယူဖို့ ဆုံးဖြတ်ခဲ့တာပဲ ဖြစ်ပါတယ်။ မန်ယူကစားသမားဘ၀မှာ စွယ်စုံရကစားသမားအဖြစ် အိုရှေးဟာ ကစားပေးခဲ့ပြီးတော့ တိုက်စစ်မှူး၊ ဂိုးသမား အစရှိတဲ့ နေရာတွေမှာလည်း အသင်းအတွက် ကစားပေးခဲ့သူ ဖြစ်ပါတယ်။

Source : Metro

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD