AD
AD
AD

တော့တင်ဟမ်ဟော့စပါးအသင်းနည်းပြ ပိုချက်တီနိုက အသင်းကွင်းလယ်လူ ဒယ်လီအလီအပေါ် ဝေဖန်နေမှုများကို ပြန်လည်တုံ့ပြန်ပြောဆိုခဲ့ပါတယ်။ အသက် (၂၁) နှစ်အရွယ် အလီဟာ ဒီနှစ်ဘောလုံးရာသီမှာ ပုံမှန်ခြေစွမ်းရဖို့ ရုန်းကန်နေခဲ့ရပြီး အင်္ဂလန်အသင်းရဲ့ ခြေစမ်းပွဲ (၂)ပွဲမှာ စုစုပေါင်း (၂၂) မိနစ်ပဲ ၀င်ရောက်ကစားခွင့်ရခဲ့ပါတယ်။

play

 

အင်္ဂလန်အသင်းနည်းပြ ဆောက်ဂိတ်က ကမ္ဘာ့ဖလားပွဲမှာ ဒယ်လီအလီပါဝင်ဖို့ အာမခံချက်မပေးနိုင်ကြောင်းလည်း ပြောဆိုခဲ့ပါတယ်။ ဒါပေမယ့် စပါးနည်းပြ ပိုချက်တီနိုက သူ့ရဲ့ အသင်းသားဘက်က ကာကွယ်ပြောဆိုမှုတွေ ပြုလုပ်ခဲ့ပါတယ်။

 

" သူ့ရဲ့အရည်အချင်းနဲ့ သူ့အပေါ် ယုံကြည်မှုအပြည့်အ၀ရှိပါတယ်၊ သူက ထူးချွန်တဲ့ကလေးတစ်ယောက်ဖြစ်ပြီး လူတော်တစ်ယောက်လည်း ဖြစ်ပါတယ်" လို့ ပိုချက်တီနိုက ပြောခဲ့ပါတယ်။

play

 

" သူက အရမ်းငယ်ပါသေးတယ်။ အခုမှ ၂၁နှစ်ပဲ ရှိသေးတာပါ၊ တခါတလေမှာ ကျွန်တော်တို့ဟာ အရမ်းကြီးမျှော်လင့်မိတာမျိုးက အသက် ၂၁နှစ်ပဲ ရှိသေးတဲ့ ကစားသမားအပေါ် ဖိအားတွေအများကြီး သက်ရောက်စေပါတယ်၊ သူဟာ ကလေးသာသာပဲ ရှိပါသေးတယ်၊ ဖိအားတွေအများကြီးကို သူ့ပခုံးပေါ်တင်ထားရပြီး အမြဲတမ်းပုံစံကောင်းကို သူ ပြသနိုင်မှာမဟုတ်ဘူးဆိုတာကို နားလည်ဖို့ အရေးကြီးပါတယ်" လို့လည်း ပိုချက်တီနိုက ဒယ်လီအလီအပေါ် ဝေဖန်နေမှုတွေကို သတိပေးပြောကြားခဲ့ပါတယ်။

play

 

သူ့ကို ကူညီပေးဖို့ လိုအပ်ပါတယ်၊ သူက အရည်အသွေးရှိတဲ့ ကစားသမားကောင်းတစ်ယောက်ပါ၊ ကျွန်တော်တို့အတွက်ရော၊ ကလပ်အသင်းအတွက်ပါ သူအများကြီး စွမ်းဆောင်ပေးပြီးသားပါ" လို့ ပိုချက်တီနိုက အလီကို ချီးကျူးခဲ့ပါသေးတယ်။

play

 

အလီကတော့ ဒီနှစ်ဘောလုံးရာသီမှာ စပါးအသင်းအတွက် (၆) ဂိုးသွင်းယူပေးထားပြီး (၉) ကြိမ်ဖန်တီးပေးထားနိုင်ခဲ့ပါတယ်။ ဒါဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီတုန်းက ၁၈ ဂိုးသွင်းယူပြီး (၇) ကြိမ်ဖန်တီးပေးနိုင်ခဲ့တဲ့ သူ့ရဲ့ ခြေစွမ်းကို ပြန်လည်မရရှိပဲ ပုံမှန်ခြေစွမ်းပြန်ရဖို့ ရုန်းကန်နေခဲ့ရတာလည်း ဖြစ်ပါတယ်။  စပါးအသင်းကတော့ တနင်္ဂနွေနေ့မှာ ချယ်လ်ဆီးအသင်းနဲ့ ကစားရမှာဖြစ်ပြီး ချန်ပီယံလိဂ် ၀င်ခွင့်အတွက် အရေးကြီးတဲ့ ပွဲစဉ်လည်း ဖြစ်ပါတယ်။

Source : spotskeeda

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD