မနက်ဖြန် စနေနေ့ည မြန်မာစံတော်ချိန် ည ၈ နာရီခွဲမှာ ယှဉ်ပြိုင်ကစားမယ့် ၀က်စမ်ဟမ်းအသင်းနဲ့ ဆောက်သမ်တန်အသင်းတို့ရဲ့ ပွဲစဉ်ကို လုံ ခြုံရေး အင်အား သာမန်ထက် နှစ်ဆ ပိုမို တိုးမြှင့်ထားတယ်လို့ သိရပါတယ်။
ဒီပွဲစဉ်ကို လုံခြုံရေး တိုးမြှင့်ရခြင်းမှာ ပြီးခဲ့တဲ့ မတ်လ ၁၀ ရက်နေ့က ဘန်လေအသင်းကို အိမ်ကွင်းမှာ ၃-၀ ဂိုးနဲ့ အရေးနိမ့်ပြီးနောက် ပရိသတ် များ ကွင်းအတွင်း ၀င်ရောက် သောင်းကျန်းခဲ့ကြတာကြောင့် ဖြစ်တယ်လို့ သိရပါတယ်။
ယင်းပွဲစဉ်မှာ ကွင်းအတွင်း ကျူးကျော်ဝင်ရောက်ခဲ့တဲ့ ၀က်စ်ဟမ်း ပရိသတ် ၂၀ဦးကိုလည်း ၀က်စ်ဟမ်းအသင်းက ရာသက်ပန် ပွဲကြည့်ခွင့် ပိတ် ပင်ခဲ့တယ်လို့လည်း သိရပါတယ်။
ယခုလို လုံခြုံရေး တိုးမြှင့်လိုက်ခြင်းကြောင့် ကုန်ကျငွေ သာမန်ထက် ပေါင် ၆၀၀၀၀ ပိုမို သုံးစွဲခဲ့ရတယ်လို့လည်း FA ကထုတ်ပြန်ထားပါတယ်။
မနက်ဖြန်မှာ ကစားမယ့် ပွဲစဉ်မှာ နှစ်သင်းစလုံးအတွက် တန်းဆင်းဇုန်တိုက်ပွဲ အမှတ်လိုအပ်နေတာကြောင့် ပွဲမှာ ပြင်းထန်လာဖွယ်ရှိနေပြီး ၀က်စ်ဟမ်း ပရိသတ်များအနေနဲ့ ပြီးခဲ့တဲ့ဘန်လေနဲ့ ပွဲတုန်းကလို ထပ်မံ ပြုမူမည်စိုးတာကြောင့် ယခုလို လုံခြုံရေး တိုးမျြင့်ရခြင်းဖြစ်တယ်လို့ လည်းဝက်စ်ဟမ်းအသင်းက ထုတ်ပြန်ခဲ့ပါတယ်။
ယခုပွဲစဉ်အပါအ၀င် နောက်ထပ် ကစားဖို့ ကျန်သေးတဲ့ အိမ်ကွင်းပွဲစဉ်တွေမှာလည်း လိုအပ်မယ်ထင်ပါက ထပ်မံ လုံခြုံရေး တင်းကြပ်သွားအုံ မယ်လို့လည်း သိရပါတယ်။
Source- BBC SPORTS