AD
AD
AD

Sportsmail's ရဲ့ စုံစမ်းတွေ့ရှိမှုတွေအရ တားမြစ်ထားတဲ့ ဆေးဝါးတွေကို ကစားသမားတချို့ သုံးစွဲနေကြောင်း သိရှိရပြီးနောက် မူးယစ်ဆေးသုံးစွဲမှုတွေက ဘောလုံးလောကအတွင်း စိမ့်ဝင်လာပြီလားဆိုတဲ့ မေးခွန်းက  မေးမြန်းစရာတွေ ဖြစ်လာခဲ့ပါတယ်။  Snus လို့ အမည်ရ ဆေးရွက်ကြီးသုံးစွဲမှုဟာ ကင်ဆာဖြစ်ပွားစေနိုင်တဲ့အတွက် ၁၉၉၂ ခုနှစ်ကတည်းက ဥရောပမှာ မသုံးစွဲဖို့ ပိတ်ပင်ထားခဲ့ပါတယ်။ သံဘူး နဲ့ သားရေအိတ်အတွင်းမှာ ထည့်သွင်းထားပြီးတော့ သုံးစွဲရတဲ့ ဆေးရွက်ကြီးတမျိုးကို ပရီးမီးယားလိဂ် ကလပ်အသင်းတချို့မှ ကစားသမားတွေ သုံးစွဲနေကြောင်း တွေ့ရှိခဲ့ရတာ ဖြစ်ပါတယ်။

play

 

ဒီလိုသုံးစွဲတာဟာ စိတ်ပိုင်း၊ကာယပိုင်းမြှင့်တင်ဖို့အတွက် အသုံးပြုနေတာဖြစ်ကြောင်း သိရှိရပြီး အင်္ဂလန်နိုင်ငံအတွင်းက လူငယ်အားကစားသမားတွေကြားထဲမှာ Snus သုံးစွဲမှုက ကြောက်ခမန်းလိလိတိုးပွားနေတယ်လို့လည်း ဒေးလီးမေးလ်က ရေးသားခဲ့ပါတယ်။ Snus အိတ်တစ်ခုရဲ့ တန်ဖိုးဟာ ၈ ပေါင်ခန့်ရှိပြီးတော့ ကျန်းမာရေးအရ မေးခွန်းထုတ်စရာတွေ ဖြစ်နေပြီး တရားမ၀င်ရောင်းချနေမှုကြောင့်လည်း ဈေးကြီးမြင့်နေတာ ဖြစ်ပါတယ်။ လက်စတာစီးတီးတိုက်စစ်မှူး ဂျင်မီဗာဒီလည်း သုံးစွဲမှုတွေ ရှိခဲ့ပြီးတော့ တချို့သော ကစားသမားတွေဆိုရင် ပွဲကစားနေချိန်အတွင်းမှာတောင်မှ သုံးစွဲနေတယ်လို့ သိရပါတယ်။

play

 

မတ်လအစောပိုင်းတုန်းကလည်း လက်စတာစီးတီးအသင်းရဲ့ King Power ကွင်းကြီးထဲမှာ သုံးစွဲပြီးသား အကြွင်းအကျန်တွေကို လွှင့်ပစ်ထားမှုကို ရှာတွေ့ခဲ့ပါသေးတယ်။ အင်္ဂလန်မှာ ရောင်းချမှုမပြုလုပ်ဖို့ ပိတ်ပင်ထားပေမယ့်လည်း တရားမ၀င်ဈေးကွက်က ကြီးထွားနေပြီးတော့ ဆိုရှယ်မီဒီယာတွေကနေတဆင့် အကောင့်ပေါင်းများစွာကနေ ရောင်းချနေတယ်လို့လည်း သိရှိရပါတယ်။ ဒီလိုရောင်းချတဲ့အကောင့်တွေကို Follow လုပ်ထားတဲ့ ကစားသမားတွေဟာ ဒါဇင်နဲ့ချီပြီးတော့ ရှိနေပြီးတော့ အဲဒီထဲမှာဆိုရင် အာဆင်နယ်တိုက်စစ်မှူး အူဘာမီယန်း နဲ့ နယူးကာဆယ်အသင်းခေါင်းဆောင် လက်ဆဲလက်စ်တို့လည်း ပါဝင်နေတယ်လို့ သိရပါတယ်။

play

 

ဒီလိုမျိုး လက်သင့်မခံနိုင်တဲ့ ဆိုးရွားတဲ့အမူအကျင့်ကို တိုက်ဖျက်ဖို့အတွက် ကလပ်အသင်းနည်းပြတစ်ဦးက အဆိုပြုခဲ့ပြီး လူငယ်ကစားသမားတွေရဲ့ အနာဂတ်အလားအလာကို ထိခိုက်မှုတွေကို တားဆီးဖို့လည်း လှုံ့ဆော်ခဲ့ပါတယ်။

 

" လူငယ်ကစားသမားအများစုက ဒါကိုသုံးစွဲနေကြပြီးတော့ အရံခုံတန်းမှာတောင် အသုံးပြုနေတာကို မြင်တွေ့ရနိုင်ပါတယ်" လို့ သူက ပြောဆိုခဲ့ပါတယ်။  လက်စတာအသင်းရဲ့ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးကတော့ -

play

 

" ကျွန်တော်တို့အသင်းက ကစားသမားတွေအနေနဲ့ စည်းမျဉ်းစည်းကမ်းတွေကို အပြည့်အ၀လိုက်နာကျင့်သုံးနေတာပါ၊ သူတို့ရဲ့ ကျန်းမာရေးနဲ့ပတ်သက်ပြီးတော့လည်း မကြာခဏဆိုသလို အကြံပေးဆွေးနွေးမှုတွေ ပြုလုပ်နေပါတယ်" လို့ ဖြေရှင်းပြောကြားခဲ့ပါတယ်။ ဒါပေမယ့်လည်း အာဆင်နယ် နဲ့ နယူးကာဆယ်အသင်းဆီကတော့ ဘယ်လိုတုံ့ပြန်မှုမှ ပြောဆိုတာမျိုး မရှိသေးကြောင်း ဒေးလီးမေးလ်က ဖော်ပြခဲ့ပါတယ်။

Source : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD