AD
AD
AD

အာဆင်နယ်ကစားသမားတွေအနေနဲ့ အသင်းရဲ့ အကျပ်အတည်းဖြစ်မှုတွေအပေါ်မှာ တာဝန်ယူပြီးတော့ အာစင်ဝင်းဂါးအပေါ်မှာ ယုံကြည်မှုပေးသင့်တယ်လို့ အာဆင်နယ်ကစားသမားဟောင်း ဂီလ်ဘာတိုဆေးဗားက ပြောကြားခဲ့ပါတယ်။

play

 

အာဆင်နယ်အသင်းနဲ့ နှစ်နှစ်သက်တမ်းရှိ စာချုပ်သစ်ကို ချုပ်ဆိုခဲ့ပြီးနောက်မှာ အာစင်ဝင်းဂါးရဲ့ အာဆင်နယ်နည်းပြဘ၀ဟာ အခက်ခဲဆုံးကာလတွေကို ဖြတ်ကျော်နေရပြီးတော့ နည်းပြရာထူး မတည်မငြိမ်မှုတွေကိုပါ ရင်ဆိုင်နေခဲ့ရပါတယ်။  ချန်ပီယံလိဂ်ဝင်ခွင့်နေရာနဲ့ ၁၃မှတ်အထိ ကွာဟနေခဲ့ပြီးတော့ ၀င်းဂါးရဲ့ အာဆင်နယ်နည်းပြ သက်တမ်းတလျှောက် ချန်ပီယံလိဂ်ဝင်ခွင့် နောက်ထပ်တစ်ကြိမ်ဆုံးရှုံးဖို့လည်း ရှိနေခဲ့ပါတယ်။

play

 

"  ၀င်းဂါးနဲ့အတူ အချိန်အကြာကြီး အလုပ်လုပ်ခဲ့ဖူးပါတယ်၊ ဒါကြောင့်မို့လို့ သူဟာ ဘယ်လိုလူလဲဆိုတာကို ကောင်းကောင်းသိပါတယ်၊ သူက ပြိုင်ပွဲတိုင်းကို အနိုင်ယူချင်တဲ့သူပါ၊ ပြီးတော့ ကစားသမားတွေအတွက်၊ အသင်းအတွက် သူ့ကိုယ်သူ စွန့်လွှတ်ဖို့လည်း အသင့်ရှိနေသူ ဖြစ်ပါတယ်" လို့ အာဆင်နယ်အသင်းခေါင်းဆောင်ဟောင်းက မှတ်ချက်ပြုခဲ့ပါတယ်။

play

 

" အသင်းက အခက်အခဲ၊ အကျပ်အတည်းနဲ့ ရင်ဆိုင်နေရပေမယ့် သူက ကစားသမားတွေအပေါ် ယုံကြည်မှုအပြည့်ရှိတဲ့သူပါ၊ သူ့အနေနဲ့ ကစားသမားတွေဆီက အကောင်းဆုံးပုံစံရဖို့ ကြိုးစားပြီး အသင်းကို ပြန်လည်တည့်မတ်ဖို့ လုပ်ဆောင် နေပါတယ်၊ ကစားသမားတွေအနေနဲ့လည်း ၀င်းဂါးအပေါ်ကို ယုံကြည်မှုရှိဖို့ လိုအပ်ပါတယ်" လို့ ဆေးလ်ဗားက ပြောခဲ့ပါတယ်။

play

 

အာဆင်နယ်အသင်းကတော့ ယူရိုပါလိဂ်ကွာတားဖိုင်နယ်ကို တက်ရောက်နိုင်ခဲ့ပြီး ယူရိုပါလိဂ်ဖလားဆွတ်ခူးနိုင်ပါက ချန်ပီယံလိဂ်ဝင်ခွင့် ရရှိမှာလည်း ဖြစ်ပါတယ်။

ှSource : sportskeeda

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD