AD
AD
AD

ဆွမ်ဆီးနဲ့ယှဉ်ပြိုင်ရမယ့်ပွဲမှာ တော်မီနေး၊ ဖီးလ်ဂျုံးစ် နဲ့ မားကို့စ်ရိုဟိုတို့ ပါဝင်ကစားနိုင်မှာဖြစ်ကြောင်း မန်ယူနည်းပြမော်ရင်ဟိုက အတည်ပြုခဲ့ပါတယ်။ ဒဏ်ရာကြောင့် အနားယူခဲ့ရတဲ့ ကစားသမားတွေဟာ ပြန်လည်သက်သာလာခဲ့ပြီဖြစ်လို့ မန်ယူအနေနဲ့ အင်အားအပြည့်အ၀နဲ့ ကစားနိုင်တော့မှာလည်း ဖြစ်ပါတယ်။

play

 

နယူးကာဆယ်ကို အရေးနိမ့်ခဲ့တဲ့ပွဲမှာ ဒဏ်ရာရခဲ့တဲ့ ဖီးလ်ဂျုံးစ်ဟာ အသင်းရဲ့ နောက်ဆုံး (၇)ပွဲကို လွဲချော်ခဲ့ရပါတယ်။ ရိုဟိုကတော့ ကာလရှည်အနားယူနေခဲ့ရသူဖြစ်ပြီး ၂၀၁၈ ခုနှစ်အတွင်း အသင်းအတွက် (၃)ပွဲသာ ကစားပေးနိုင်ခဲ့သူ ဖြစ်ပါတယ်။ တော်မီနေးကတော့ စကော့တလန်အသင်းအတွက် သွားရောက်ကစားပေးရင်း ဒဏ်ရာကြောင့် အသင်းကို ပြန်လည်စေလွှတ်ခံခဲ့ရသူ ဖြစ်ပါတယ်။

play

 

" ဒေလီဘလင်းလည်း အသင်းနဲ့အတူ လေ့ကျင့်မှုတွေ ပြုလုပ်နေခဲ့ပါတယ်၊ သူက လအနည်းငယ်လောက် ကစားခွင့်မရခဲ့ပေမယ့် ကျွန်တော်တို့အတွက်တော့ အသင့်အနေအထားမှာ ရှိနေပါတယ်၊ ဖီးလ်ဂျုံးစ်နဲ့ ရိုဟိုတို့လည်း အသင်းအတွက် ပြန်လည်ကစားပေးနိုင်ပါပြီ" လို့ မော်ရင်ဟိုက ပြောကြားခဲ့ပါတယ်။

play

 

ဒါပေမယ့်လည်း အက်ရှ်လေယန်း နဲ့ ဂိုးသမား ရိုမီယိုတို့ကတော့ ဒဏ်ရာကြောင့် အနားယူရမှာဖြစ်တယ်လို့ သိရပါတယ်။

play

 

" ရိုမီယိုကတော့ ဒဏ်ရာအနည်းငယ်ရနေပါတယ်၊ သူ့အနေနဲ့ ရက်သတ္တပတ်အနည်းငယ်တော့ အနားယူရမယ်ထင်ပါတယ်၊ အက်ရှ်လေယန်းကတော့ အီတလီနဲ့ပွဲမှာ ပြသနာအနည်းရှိခဲ့ပုံပါပဲ၊ ဒါပေမယ့် သူ့အတွက်တော့ ကြံ့ခိုင်မှုအပြည့်နဲ့ ပြန်သက်သာလာစေဖို့ အခွင့်အရေးပါပဲ" လို့လည်း မော်ရင်ဟိုက ပြောကြားခဲ့ပါတယ်။

Source: Metro

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD