AD
AD
AD

ပေါ့ဂ်ဘာ ဘာလို့ခြေစွမ်းမပြနိုင်ရလဲဆိုတဲ့အကြောင်းရင်းကို ကစားသမားကပဲ ရှင်းပြနိုင်မှာပါလို့ မန်ယူနည်းပြ မော်ရင်ဟိုက ပြောကြားခဲ့ပါတယ်။ ပေါ့ဂ်ဘာဟာ မန်ယူရဲ့ ပြိုင်ပွဲစုံနောက်ဆုံး (၁၁)ပွဲမှာ ခြေစွမ်းမပြနိုင်ခဲ့ပဲ သူ့ရဲ့ခြေစွမ်းက တော်တော်လေးကျဆင်းခဲ့တာလည်း ဖြစ်ပါတယ်။

play

 

မန်ယူအသင်းဟာ စနေနေ့(ယနေ့)မှာ ဆွမ်ဆီးကို လက်ခံယှဉ်ပြိုင်ရမှာဖြစ်ပြီးတော့ ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ မော်ရင်ဟိုက ပြောကြားခဲ့တာလည်း ဖြစ်ပါတယ်။

play

 

" သူ့ကိုပဲမေးပါ၊ သူ့ကိုမေးဖို့အခွင့်အရေးရလာတဲ့ အချိန်ကျရင် သူ့ကိုမေးကြည့်ပါ" လို့ မော်ရင်ဟိုက ဖြေကြားခဲ့ပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်းမှာ ပေါ့ဂ်ဘာအနေနဲ့ တံကောက်ကြောဒဏ်ရာရရှိခဲ့ပြီးတော့ (၂)လခန့် အနားယူခဲ့ရပါသေးတယ်။ ဒါပေမယ့်လည်း ပေါ့ဂ်ဘာရဲ့ ခြေစွမ်းကျဆင်းလာမှုဟာ ဒဏ်ရာနဲ့ ဘယ်လိုမှ မသက်ဆိုင်ကြောင်း မော်ရင်ဟိုက ရှင်းလင်းခဲ့ပါသေးတယ်။

play

 

" သူ့ရဲ့ ဒဏ်ရာကြောင့် မဟုတ်ပါဘူး၊ သူက ကြံ့ခိုင်မှုအပြည့်အ၀နဲ့ ပြန်လာနိုင်ခဲ့တာပါ၊ ပြီးခဲ့တဲ့ ရာသီ နဲ့ ဒီနှစ်ရာသီမှာ သူ့အနေနဲ့ ဒဏ်ရာဆိုးဆိုးဝါးဝါး ရှိခဲ့ပါတယ်၊ ဒါပေမယ့် ဒဏ်ရာရရှိမှုတွေကနေ အကောင်းဆုံး သူ ပြန်လာနိုင်ခဲ့တာပါ" လို့လည်း မော်ရင်ဟိုက ပေါ့ဂ်ဘာရဲ့ ဒဏ်ရာအပေါ် သုံးသပ်ခဲ့ပါတယ်။

play

 

" ပေါ့ဂ်ဘာရရှိတဲ့ ဒဏ်ရာမျိုးက တခြားကစားသမား၊ တခြားကလပ်၊ တခြားဆေးအဖွဲ့တွေဆိုရင် ခွဲစိတ်ကုသမှုပြုလုပ်ကြမှာပါ၊ သူက မခွဲစိတ်ဖို့ ရွေးချယ်ခဲ့ပြီးတော့ ဒဏ်ရာကနေ အမြန်ဆုံးသက်သာလာခဲ့ပါတယ်၊ ကျွန်တော့်အထင်ဆိုရင်တော့ သူဟာ ဒဏ်ရာ အနာတရတွေကနေ တကယ့်ကို ကောင်းမွန်စွာနဲ့ ကျော်ဖြတ်နိုင်ခဲ့တာပါ၊ ဒါပေမယ့် ဘာလို့များ သူ ခြေစွမ်းမပြနိုင်တာလဲ ဆိုတာကတော့ သူ့ကိုပဲ မေးကြည့်ကြပါ" လို့ မော်ရင်ဟိုက ထပ်ဆင့်ပြောကြားခဲ့ပါတယ်။

Source : Sportskeeda

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD