AD
AD
AD

နယ်သာလန်၊ အီတလီတို့နဲ့ ကစားခဲ့တဲ့ ခြေစမ်းပွဲတွေမှာ အင်္ဂလန်နည်းပြဆောက်ဂိတ်က ကိုင်လီဝေါ်ကာကို သုံးယောက်တန်း ခံစစ်ပိုင်းရဲ့ ညာအစွန်မှာ ကစားစေခဲ့ပါတယ်။ ဝေါ်ကာကလည်း အဲဒီနေရာမှာ ခြေစွမ်းပြကစားနိုင်ခဲ့ပြီး ဂွာဒီယိုလာရဲ့ချီးကျူးမှုကို ရရှိခဲ့ပါတယ်။

play

 

ဂွာဒီယိုလာက ဝေါ်ကာကို သူနဲ့အတူ လက်တွဲခဲ့ဖူးတဲ့ အဘီဒယ်၊ ဖိလစ်လမ်းတို့နဲ့ ခိုင်းနှိုင်းခဲ့ပြီးတော့ ချီးကျူးခဲ့တာ ဖြစ်ပါတယ်။

 

" ဆောက်ဂိတ်ရဲ့ မှန်ကန်တဲ့ ဆုံးဖြတ်ချက်တစ်ခုပါ၊ ဝေါ်ကာက နေရာစုံမှာ ကစားနိုင်တဲ့ ကစားသမားလည်း ဖြစ်ပါတယ်။ သူက ဥာဏ်ရည်ဥာဏ်သွေးကောင်းမွန်ပြီးတော့ ဘောလုံးကို အနီးပေး၊ အဝေးပေးလည်း ထူးချွန်သူပါ၊ ပြီးတော့ ရှေ့နောက်ကို လျှင်လျှင်မြန်မြန် အတက်အဆင်းပြုလုပ်နိုင်တဲ့သူလည်း ဖြစ်ပါတယ်" လို့ ဂွာဒီယိုလာက ချီးကျူးခဲ့ပါတယ်။

play

 

" အဘီဒယ် နဲ့ ဖိလစ်လမ်းတို့ဟာလည်း ကွဲပြားခြားနားတဲ့ နေရာတွေမှာ ကစားနိုင်သူတွေပါ၊ ကိုင်လီက သူတို့နဲ့ တူညီမှုရှိတဲ့ ကစားသမားဖြစ်ပါတယ်" လို့လည်း ဂွာဒီယိုလာက သူ့ကစားသမားကို ဂုဏ်ပြုခဲ့ပါသေးတယ်။

play

 

တော့တင်ဟမ်ဟော့စပါးအသင်းကနေ ပြောင်းရွှေ့လာခဲ့ပြီးနောက်မှာ ဝေါ်ကာဟာ ဂွာဒီယိုလာ အားကိုးရတဲ့ အမာခံ ကစားသမားဖြစ်လာခဲ့ပြီး မန်စီးတီးမှာ အကောင်းဆုံးခြေစွမ်းပြနေခဲ့တာ ဖြစ်ပါတယ်။ မန်စီးတီးရဲ့ ဒီနှစ်ဘောလုံးရာသီ ပြိုင်ပွဲစုံမှာ ဝေါ်ကာက အသင်းအတွက် ခြေစွမ်းပြနေခဲ့ပြီး ပရီးမီးယားလိဂ်ဖလားကို ရယူနိုင်ဖို့ နီးစပ်နေသလို ချန်ပီယံလိဂ်မှာလည်း ကွာတားဖိုင်နယ်အဆင့်ကို ရောက်ရှိအောင် ကူညီပေးနိုင်ခဲ့ပါတယ်။

play

 

ဂွာဒီယိုလာကတော့ ဆောက်ဂိတ်ရဲ့ ဆုံးဖြတ်ချက်အပေါ် ကြိုဆိုခဲ့ပြီးတော့ ၀င်ရောက်စွက်ဖက်မှာမဟုတ်ဘူးလို့လည်း ပြောခဲ့ပါသေးတယ်။

play

 

" သူ့ရဲ့ဆုံးဖြတ်ချက်တွေမှာ ပါဝင်စွက်ဖက်မှာမဟုတ်ပါဘူး၊ မန်စီးတီးမှာတော့ ကိုင်လီအနေနဲ့ အဲဒီလို ကစားရမှာမဟုတ်ပါဘူး၊ ဒါပေမယ့် နိုင်ငံအသင်းအတွက်တော့ နိုင်ငံအသင်းမန်နေဂျာက ဆုံးဖြတ်ရမှာပဲ ဖြစ်ပါတယ်" လို့ ဂွာဒီယိုလာက ပြောဆိုခဲ့ပါတယ်။

Source : SkySports

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD