AD
AD
AD

လီဗာပူးလ်ကွင်းလယ်လူ အမ်မရီချန်ဟာ နောက်ကျောဒဏ်ရာကြောင့် ရာသီကုန်အထိ အနားယူရတော့မှာ ဖြစ်ပါတယ်။ မန်စီးတီးနဲ့ ကစားခဲ့တဲ့ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ပထမအကျော့ပွဲစဉ်ကို ချန်အနေနဲ့ လွဲချော်ခဲ့ပြီး အခုအခါ ရာသီကုန်အထိ အနားယူရမယ်လို့ သိရှိရပါတယ်။

play

 

လီဗာပူးလ်နဲ့အတူ စာချုပ်သစ်ချုပ်ဆိုဖို့ သဘောတူညီမှု မရရှိသေးပဲ ရာသီကုန်မှာ အသင်းကထွက်ခွာမယ်လို့ သတင်းတွေ ထွက်ပေါ်နေခဲ့တဲ့ အမ်မရီချန်ဟာ ကမ္ဘာ့ဖလားပြိုင်ပွဲကိုပါ လွဲချော်နိုင်တယ်လို့ သိရှိရပြီး ဂျိုအာချင်လိုရဲ့ ဂျာမနီအသင်း လူစာရင်းမှ ချန်လှပ်ခံရဖွယ်လည်း ရှိလာပြီ ဖြစ်ပါတယ်။

play

 

အမ်မရီချန်ရဲ့ ဒဏ်ရာသတင်းဟာ လီဗာပူးလ်အတွက်တော့ စိတ်ပျက်စရာဖြစ်လာခဲ့ပြီး အသင်းမှာအကောင်းဆုံးခြေစွမ်းပြနေတဲ့ ကွင်းလယ်လူကို လက်လွှတ်ဆုံးရှုံးရမှုဟာ ချန်ပီယံလိဂ်ဖလားကို မျှော်မှန်းထားတဲ့ အသင်းအတွက် ထိခိုက်ဖွယ် ရှိလာခဲ့ပါတယ်။ မန်စီးတီးရဲ့ အိမ်ကွင်းမှာ ကစားရမယ့် ဒုတိယအကျော့ပွဲစဉ်မှာ အသင်းခေါင်းဆောင် ဟန်ဒါဆန်ကလည်း ပွဲပယ်ခံထားရလို့ လီဗာပူးလ်ကွင်းလယ်ပိုင်းအတွက် ခေါင်းခဲစရာ ဖြစ်လာခဲ့ပါတယ်။

play

 

အမ်မရီချန်ဟာ လီဗာပူးလ်အတွက် ပရီးမီးယားလိဂ် ၂၆ပွဲ ကစားပေးထားပြီး (၃) ဂိုးသွင်း၊ (၄) ကြိမ်ဖန်တီးပေးထားတဲ့ ကစားသမားလည်း ဖြစ်ပါတယ်။ နွေရာသီမှာ အသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးတော့မယ့် သူ့ကို ဘိုင်ယန်မြူးနစ်နဲ့ ဂျူဗင်တပ်စ်တို့က ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။

Source : 90min

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD