AD
AD
AD

မန်ချက်စတာဒါဘီမှာ မန်ယူကို အနိုင်ယူပြီး ပရီးမီးယားလိဂ်ဖလားကို ဆွတ်ခူးနိုင်ဖို့ဟာ ဦးစားပေးကိစ္စဖြစ်တယ်လို့ ပြောကြားလိုက်ပါတယ်။ မန်စီးတီး နဲ့ မန်ယူတို့ရဲ့ ပရီးမီးယားလိဂ်ပွဲစဉ်ကိုတော့ စနေနေ့မှာ ယှဉ်ပြိုင်ကစားသွားမှာဖြစ်ပြီး မန်စီးတီးအနေနဲ့ အနိုင်ရခဲ့မယ်ဆိုရင် ပရီးမီးယားလိဂ်ချန်ပီယံဖလားကို ဆွတ်ခူးနိုင်တော့မှာလည်း ဖြစ်ပါတယ်။

play

 

" ချန်ပီယံလိဂ်အတွက် အခွင့်အရေးရှီပါသေးတယ်၊ ပရီးမီးယားလိဂ်ဖလားကို ရရှိဖို့အတွက် အခွင့်အရေးအများကြီးလည်း ကျွန်တော်တို့ ပိုင်ဆိုင်ထားပါတယ်" လို့ ကွန်ပနီက ပြောကြားခဲ့ပါတယ်။

play

 

" ချန်ပီယံလိဂ်က ဘယ်လောက်အရေးကြိးလည်း  ကျွန်တော်တို့သိပါတယ်၊ အသင်းရဲ့ ပရိသတ်တွေအတွက်ရောပေါ့၊ ကျွန်တော်တို့အနေနဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ လုံလောက်တဲ့ ရလာဒ်ရအောင် မစွမ်းဆောင်နိုင်ခဲ့ဘူးဆိုရင် ပရီးမီးယားလိဂ်ဖလားကို ဆွတ်ခူးထားနိုင်ဖို့ လိုအပ်ပါတယ်" လို့ မန်စီးတီးအသင်းခေါင်းဆောင်က ပရီးမီးယားလိဂ်ဖလားကို အရယူဖို့မျှော်လင့်ထားကြောင်း ဖွင့်ဟခဲ့ပါတယ်။

play

 

" မန်စီးတီးအနေနဲ့ ဆီမီးဖိုင်နယ်ကို တက်ရောက်မယ်လို့ ယုံကြည်သူ တစ်ယောက်မှ မရှိပါဘူး၊ ကျွန်တော်တို့ဟာ ဘောလုံးပွဲရလာဒ်တွေရဲ့ အကျိုးဆက်တွေနဲ့အတူ ရှင်သန်နေရပါတယ်၊ ဒါပေမယ့် ဒါက ဘောလုံးကရရှိတဲ့ ထူးကဲမှုတွေပါ၊ ရက်အနည်းငယ်အတွင်းမှာ ပွဲစဉ်တွေယှဉ်ပြိုင်ရမှာဖြစ်ပြီးတော့ အခွင့်အရေးတွေဖန်တီးနိုင်မယ်လို့ ယုံကြည်ပါတယ်" လို့လည်း သူက ထပ်ပြောခဲ့ပါတယ်။

play

 

မန်စီးတီးအသင်းကတော့ ပရီးမီးယားလိဂ်မှာ တိုက်စစ်အကောင်းဆုံးအသင်းအဖြစ် ရပ်တည်နေတဲ့အသင်းဖြစ်ပြီးတော့ ဒီနှစ်ဘောလုံးရာသီမှာ စုစုပေါင်းသွင်းဂိုး ၁၂၄ဂိုးအထိ ရရှိထားတဲ့ အသင်းဖြစ်ပါတယ်။ ဒီအခြေအနေပေါ်မှာ ကွန်ပနီက အားထားယုံကြည်နေပြီး လီဗာပူးလ်နဲ့ ဒုတိယအကျော့ပွဲစဉ်မှာ သူတို့အနေနဲ့ အကောင်းဆုံးခြေစွမ်းပြနိုင်မယ်လို့ ယုံကြည်နေခဲ့ပါတယ်။

Source : SkySports

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD