AD
AD
AD

ချယ်လ်ဆီးနဲ့တွေ့တိုင်း သွင်းဂိုးတွေရယူနိုင်မှုအပေါ်မှာ မရှင်းပြတတ်ဘူးလို့ ၀က်စ်ဟမ်းတိုက်စစ်မှူး ဟာနန်ဒက်ဇ်က ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။ မနေ့ညက ကစားခဲ့တဲ့ ချယ်လ်ဆီး နဲ့ ၀က်စ်ဟမ်းအသင်းတို့ ပွဲစဉ်မှာ ဟာနန်ဒက်ဇ်ဟာ လူစားဝင်လာပြီး (၃) မိနစ်အကြာမှာ ၀က်စ်ဟမ်းအတွက် ချေပဂိုးကို သွင်းယူပေးနိုင်ခဲ့ပါတယ်။

play

 

မက္ကဆီကိုအသင်းအတွက် ဂိုးသွင်းပြီး (၂)လနီးပါးအကြာမှာ ဟာနန်ဒက်ဇ်အတွက် ပထမဆုံးပြန်လည်ရရှိတဲ့ သွင်းဂိုးဖြစ်ပြီးတော့ ချယ်လ်ဆီးအသင်းနဲ့ တွေ့ဆုံခဲ့မှုတစ်လျှောက်မှာ ကိုးကြိမ်မြောက် ဂိုးသွင်းယူနိုင်တာလည်း ဖြစ်ခဲ့ပါတယ်။ ဒီအရေအတွက်ဟာ အခြားသော ပြိုင်ဘက်အသင်းတွေထက် ပိုမိုပြီးတော့ ချယ်လ်ဆီးအသင်းဘက်ကို သွင်းယူနိုင်ခြင်းလည်း ဖြစ်ပါတယ်။ ဒါ့အပြင် စတန်းဖို့ဘရစ်ခ်ျမှာ နောက်ဆုံးကစားခဲ့တဲ့ လေးပွဲဆက် ဂိုးသွင်းယူနိုင်ခြင်းလည်း ဖြစ်ခဲ့ပါတယ်။  ဟာနန်ဒက်ဇ်အတွက် စံချိန်မှတ်တမ်းကောင်း တစ်ခုလည်း ဖြစ်လာခဲ့ပါတယ်။

play

 

ချယ်လ်ဆီးကို သွင်းယူခဲ့တဲ့ စုစုပေါင်း (၉) ဂိုးမှာ (၆)ဂိုးဟာ လူစားဝင်ကစားသမားအဖြစ် သွင်းယူခဲ့တာဖြစ်ပြီးတော့ ချယ်လ်ဆီးအတွက်တော့ ဟာနန်ဒက်ဇ်ဟာ ကျိန်စာသင့်နတ်ဆိုးတစ်ပါးလို ဖြစ်နေခဲ့ပါတယ်။ ပွဲအပြီး အင်တာဗျူးမှာတော့ -

play

 

" တခါတလေမှာ အခြားအသင်းတွကို ကျွန်တော် ဂိုးမသွင်းနိုင်ဘူး၊ ဒါပေမယ့် တချို့အသင်းတွေကို ဂိုးသွင်းနိုင်တဲ့ စံချိန်ကိုတော့ ကျွန်တော် ဆက်ပြီး ထိန်းသိမ်းထားနိုင်တယ်၊ ဥပမာ ချယ်လ်ဆီးပေါ့၊ ဘာလို့လဲဆိုတာတော့ ကျွန်တော်လည်း မသိဘူး" ဟု ပြောဆိုခဲ့သည်။

play

 

ချယ်လ်ဆီးဘက်ကို ဂိုးသွင်းယူခဲ့ပြီးမှာတော့ ဟာနန်ဒက်ဇ်ရဲ့ အခုနှစ်ပရီးမီးယားလိဂ်သွင်းဂိုးဟာ (၈) ဂိုးအထိ ရှိလာခဲ့ပြီ ဖြစ်ပါတယ်။ ချယ်လ်ဆီးနဲ့ပွဲမှာလည်း ဟာနန်ဒက်ဇ်ဟာ မိနစ် (၇၀) မှာ လူစားလဲလှယ်ဝင်ရောက်လာခဲ့ပြီးတော့ (၇၃) မိနစ်မှာအသင်းအတွက် ချေပဂိုးကို သွင်းယူပေးနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

ှSource : espn

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD