AD
AD
AD

တော့တင်ဟမ်ဟော့စပါးအသင်းဟာ စတုတ်စီးတီးအသင်းဘက်ကို သွင်းယူခဲ့တဲ့ ဒုတိယဂိုးကို အဲရစ်ဆင်ရဲ့သွင်းဂိုးလို့ ပရီးမီးယားလိဂ်အဖွဲ့ချုပ်က ဆုံးဖြတ်မှုအပေါ် ပြန်လည်ပြင်ဆင်ပေးဖို့ အလိုရှိနေကြောင်း သိရပါတယ်။ စတုတ်စီးတီးနဲ့ပွဲမှာ အဲရစ်ဆင်ရဲ့ အလွတ်တည်ကန်ဘော ပေးပို့မှုကို ဟာရီကိန်းက အလိုက်သင့် ခေါင်းတိုက်သွင်းယူခဲ့တယ်လို့ စပါးအသင်းက ယူဆနေခဲ့တာ ဖြစ်ပါတယ်။

play

 

ဒါပေမယ့်လည်း ရုပ်သံအနှေးပြကွက်တွေအရတော့ ဘောလုံးဟာ ဟာရီကိန်းနဲ့ ထိတွေ့မှုမရှိခဲ့ပဲ ဂိုးပေါက်ထဲကို ၀င်သွားခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ ပရီးမီးယားလိဂ်အဖွဲ့ချုပ်က အဲရစ်ဆင်ရဲ့ သွင်းဂိုးအဖြစ်သာ သတ်မှတ်ပေးခဲ့တာလည်း ဖြစ်ပါတယ်။ ဟာရီကိန်းကတော့ ပရီးမီးယားလိဂ်ရွှေဖိနပ်ဆုအတွက် လီဗာပူးလ်တိုက်စစ်မှူး မိုဟာမက်ဆာလာနဲ့ အပြိုင်ဖြစ်နေပြီးတော့ ဆာလာက သွင်းဂိုး (၂၉) ဂိုး၊ ဟာရီကိန်းက (၂၄)ဂိုး နဲ့ အပြိုင်အဆိုင်ဖြစ်နေတာ ဖြစ်ပါတယ်။

play

 

စပါးအသင်းရဲ့ အခုလိုတောင်းဆိုမှုဟာ သူတို့အသင်းရဲ့ တိုက်စစ်မှူးအတွက်လားဆိုတာ စဉ်းစားစရာဖြစ်လာခဲ့ပါတယ်။ ဟာရီကိန်းဟာ ပရီးမီးယားလိဂ်ရွှေဖိနပ်ဆုကို (၂)နှစ်ဆက် ရယူထားတာဖြစ်ပြီး ဒီနှစ်မှာရရှိခဲ့ရင် (၃) နှစ်ဆက်တိုက် ရရှိမှာ ဖြစ်ပြီးတော့ သီယာရီအွန်နရီ နောက်ပိုင်း ပထမဆုံးအကြိမ် ရရှိတဲ့ ကစားသမားအဖြစ်ရော၊ အင်္ဂလန်ကစားသမားတွေထဲမှာ အလန်ရှီးယားနောက်ပိုင်း ပထမဆုံးရရှိသူလည်း ဖြစ်လာမှာ ဖြစ်ပါတယ်။

play

 

ဟာရီကိန်းကတော့ ဆာလာကို အမှီလိုက်နိုင်မယ်လို့ ယုံကြည်ကြောင်းနဲ့ လက်ကျန်ပွဲစဉ်တွေအပေါ်မှာ အပြည့်အ၀အာရုံစိုက်ထားကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ ဟာရီကိန်းရဲ့ ပြောကြားမှုအပြီးမှာ စပါးအသင်းက အခုလိုမျိုး တောင်းဆိုတာ ဖြစ်ပြီး သူတို့ကစားသမားရဲ့ ရည်မှန်းချက်အတွက် အသင်းကပါ ထောက်ပံ့ကူညီပေးတာလားဆိုတာက မေးခွန်းထုတ်ချင်စရာ ဖြစ်လာခဲ့ပါတယ်။

Source : ESPN

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD