AD
AD
AD

ဝဲလ်ဘက်ခ်ကတော့ ပြီးခဲ့တဲ့ ဆောက်သမ်တန်နဲ့ပွဲစဉ်မှာ အနိုင်ဂိုး (၂) ဂိုးကို သွင်းယူပေးနိုင်ခဲ့သူ ဖြစ်ပါတယ်။ ဒါ့အပြင် ယူရိုပါလိဂ် (၁၆) သင်းအဆင့် ရှုံးထွက်ပွဲစဉ်မှာလည်း အေစီမီလန်နဲ့ပွဲမှာ ခြေစွမ်းပြပြီး အသင်းကို ကူညီပေးနိုင်ခဲ့လို့ အာစင်ဝင်းဂါးရဲ့ ချီးကျူးမှုကို ရရှိခဲ့ပါသေးတယ်။

play

 

ဒါပေမယ့်လည်း ၀ဲလ်ဘက်ခ်ဟာ အာဆင်နယ်မှာ ပုံမှန်နေရာရဖို့အတွက် အူဘာမီယန်၊ လာကာဇက်တို့နဲ့ အပြိုင်ကြိုးစားနေရတာဖြစ်ပြီး သူ့ရဲ့ ခြေစွမ်းဟာ ပုံမှန်မရှိတာကြောင့် ဝေဖန်မှုတွေလည်း ခံနေခဲ့ရသူ ဖြစ်ပါတယ်။ မကြာခဏဆိုသလို ဒဏ်ရာကြောင့် အနားယူနေရပြီး အသင်းအတွက် ကစားပေးနိုင်တာ ရှားပါးလွန်းတာမို့ အသင်းပရိသတ်များကိုယ်တိုင်က ၀ဲလ်ဘက်ခ်ကို ဝေဖန်ပြစ်တင်မှုတွေ ရှိခဲ့ပါတယ်။

play

 

နည်းပြကြီး အာစင်ဝင်းဂါးကတော့ ၀ဲလ်ဘက်ခ်ဘက်က အမြဲတစေ အကာအကွယ်ပေး ပြောကြားလေ့ရှိပြီး အသင်းအတွက် အရေးပါတဲ့ တိုက်စစ်မှူးအဖြစ် သတ်မှတ်ထားခဲ့ပါတယ်။ အသင်းရဲ့ တိုက်စစ်ပိုင်းမှာ အူဘာမီယန်၊ လာကာဇက် နဲ့ ၀ဲလ်ဘက်ခ်တို့ ရှိနေတာကြောင့် နောက်ထပ် တိုက်စစ်မှူး မလိုအပ်တော့ဘူးလို့လည်း အာစင်ဝင်းဂါးက ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

play

 

သူ့အပေါ် ဝေဖန်နေမှုတွေနဲ့ ပတ်သက်ပြီးတော့ ၀ဲလ်ဘက်ခ်က -

play

 

" ပရော်ဖက်ရှင်နယ်ဘောလုံးလောကမှာ ဝေဖန်မှုတွေဆိုတာ အမြဲတမ်းရှိနေတာပါပဲ၊ ခရစ္စတီယာနိုရော်နယ်ဒိုလို ကစားသမားမျိုးတောင်မှ ဝေဖန်မှုတွေက ကင်းလွတ်ခြင်းမရှိတာကို ခင်ဗျားတို့ မြင်တွေ့ရမှာပါ၊ ဒါပေမယ့် သူကတော့ ဝေဖန်ခံမှုတွေကြားကပဲ ထိပ်ဆုံးအဆင့်မှာ ရပ်တည်နေခဲ့တဲ့ သူပါ" လို့ ပြောကြားခဲ့ပါတယ်။

Source : Goal.com

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD