AD
AD
AD

အာဆင်နယ်အသင်းရဲ့ ကွင်းလယ်တိုက်စစ်ကစားသမား ဟာနစ်မီခီတာရန်ဟာ ဒူးအရွတ်ဒဏ်ရာကြောင့် အာဆင်နယ်အသင်းရဲ့ လက်ကျန်ပွဲစဉ်အားလုံးကို လွဲချော်ဖွယ်ရှိတယ်လို့ သိရှိရပါတယ်။ မီခီတာရန်ဟာ ယူရိုပါလိဂ်ကွာတားဖိုင်နယ် ပထမအကျော့ စီအက်စ်ကေအေနဲ့ ပွဲစဉ်မှာ ဒီဒဏ်ရာကို ရရှိခဲ့တာဖြစ်ပြီး ဆောက်သမ်တန်နဲ့ပွဲစဉ်ကိုလည်း လွဲချော်ခဲ့ရတာ ဖြစ်ပါတယ်။

play

 

သတင်းများရဲ့ ဖော်ပြချက်အရ မီခီတာရန်ရဲ့ ဒူးအရွတ်ဟာ စုတ်ပြဲခဲ့တာဖြစ်ပြီးတော့ အချိန်အနည်းငယ်ကြာ အနားယူရမှာ ဖြစ်တယ်လို့ သိရပါတယ်။ ကစားသမားကတော့ ယူရိုပါလိဂ်ဖိုင်နယ်ပွဲစဉ် ကျင်းပမယ့် မေလ (၁၆) ရက် မတိုင်ခင်မှာ ဒဏ်ရာက ပြန်လည်သက်သာလာဖို့ မျှော်လင့်နေပြီး အာဆင်နယ်အသင်းအနေနဲ့ ဗိုလ်လုပွဲတက်ရောက်ခဲ့မယ်ဆိုရင် အသင်းအတွက် ပါဝင်ကစားပေးဖို့ ဆန္ဒရှိနေတာလည်း ဖြစ်ပါတယ်။

play

 

မီခီတာရန်အနေနဲ့ အမှတ်ပေးပွဲစဉ်တွေအားလုံးကို သေချာပေါက်လွဲချော်တော့မှာ ဖြစ်ပြီးတော့ အာဆင်နယ်အသင်းရဲ့ ယူရိုပါလိဂ် ဆီမီးဖိုင်နယ် (၂)ကျော့စလုံးကိုလည်း လွဲချော်မှာ ဖြစ်ပါတယ်။ အာဆင်နယ်အတွက် ခြေစွမ်းပြနေတဲ့ ကစားသမားတစ်ဦးကို အချိန်အတန်ကြာ ဆုံးရှုံးရတော့မှာမို့ အာစင်ဝင်းဂါးအတွက်တော့ စိတ်ပျက်စရာ သတင်းလည်း ဖြစ်လာခဲ့ပါတယ်။

play

 

အူဘာမီယန် ၀င်ရောက်ကစားခွင့် မရှိတာမို့လို့ အသင်းရဲ့ တိုက်စစ်ပိုင်းအတွက် အာဆင်နယ်ဟာ အခက်ကြုံရဖွယ်လည်း ရှိနေခဲ့ပါတယ်။ လက်ရှိအချိန်မှာတော့ အာဆင်နယ်အသင်းဟာ ဆီမီးဖိုင်နယ်ကို တက်ရောက်ဖို့အတွက် အခြေအနေကောင်းနေပြီး ချန်ပီယံလိဂ်ဝင်ခွင့် ရရှိဖို့အတွက် ယူရိုပါလိဂ်ဖလားကို အရယူဖို့လည်း အာစင်ဝင်းဂါးက ပစ်မှတ်ထားနေတာ ဖြစ်ပါတယ်။

Source : 90min

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD