AD
AD
AD

ပြင်သစ်ကလာတဲ့ သတင်းတစ်ရပ်အရ မန်ယူအသင်းရဲ့ ပြင်သစ်တိုက်စစ်မှူး အန်တိုနီမာရှယ်ဟာ အသင်းရဲ့ စာချုပ်သစ်အတွက် ကမ်းလှမ်းတဲ့ တောင်းဆိုမှုကို ပယ်ချခဲ့တယ်လို့ သိရပါတယ်။

play

 

မာရှယ်အနေနဲ့ ယင်းကဲ့သို့ ပယ်ချခဲ့ရခြင်းမှာ အသင်းမှာ ကစားနေရတဲ့ ၎င်းရဲ့အနေအထားပေါ် မကျေမနပ် ဖြစ်နေတာ ဖြစ်ပြီးအသင်းကထွက် ခွာဖို့ ပြင်ဆင်နေတာကြောင့် ဖြစ်တယ်လို့လည်း သိရပါတယ်။

play

 

နည်းပြ မော်ရင်ဟိုက ၎င်းကို ၅ နှစ်သက်တမ်းတိုးစာချုပ်ဖြင့် ကမ်းလှမ်းခဲ့တာ ဖြစ်ပေမယ့်လည်း အသက် ၂၂ နှစ်အရွယ် မာရှယ်ကတော့ ပယ်ချ ခဲ့ပြီး ရာသီအကုန်မှာ အသင်းကထွက်ခွာမယ်ဆိုတဲ့သတင်းတွေလည်း ထွက်ပေါ်လာခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဇန်န၀ါရီလက အသင်းကို အလက်ဆစ် ဆန်းချက်ရောက်ရှိလာပြီးနောက် မန်ယူမှာ ၎င်းရဲ့ အခန်းကဏ္ဍလျော့ကျခဲ့တာလည်း ဖြစ်ပါ တယ်။

နည်းပြမော်ရင်ဟိုနဲ့ ဆက်ဆံရေး အဆင်ပြေပေမယ့်လည်း စာချုပ်သက်တမ်း ၂၀၁၉ အထိရှိနေတဲ့သူ့ကို နည်းပြမော်ရင်ဟိုက ပွဲထွက်စာရင်းအတွက် အသုံးမပြုပဲ ထားနေခြင်းလည်း ဖြစ်ပါတယ်။

၎င်းကို အီတလီကလပ် ဂျူဗင်တပ်၊စပါးနဲ့ အက်သလက်တီကို မက်ဒရစ်အသင်းတို့က စိတ်ဝင်စားနေတယ်လို့ သိရပြီး ရာသီကုန်မှာ ထွက်ခွာဖို့ များနေပါတယ်။

Source- RMC Sports

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD