AD
AD
AD

စတုတ်စီးတီးအသင်းနဲ့ပွဲစဉ်မှာ အဲရစ်ဆန်ရဲ့ အလွတ်တည်ကန်ဘောမှတဆင့် ရရှိခဲ့တဲ့ သွင်းဂိုးကို ဟာရီကိန်းရဲ့ သွင်းဂိုးအဖြစ် သတ်မှတ်ပေးဖို့ စပါးအသင်းရဲ့ အယူခံဝင်မှု အောင်မြင်မှုအပေါ်မှာ လီဗာပူးလ်တိုက်စစ်မှူး ဆာလာက သူ့ရဲ့ တွစ်တာကနေတဆင့် ပြန်လည်လှောင်ပြောင်ခဲ့ပါတယ်။

play

 

ဆာလာနဲ့ဟာရီကိန်းတို့ဟာ ပရီးမီးယားလိဂ်ရွှေဖိနပ်ဆုအတွက် အပြိုင်အဆိုင်ကြိုးစားနေကြတာဖြစ်ပြိးတော့ ဆာလာက (၂၉)ဂိုး သွင်းယူထားပြီးတော့ ဟာရီကိန်းကို (၅) ဂိုးအသာနဲ့ ဦးဆောင်နေခဲ့တာဖြစ်ပါတယ်။ စပါးအသင်းရဲ့ အယူခံဝင်မှုဟာ အောင်မြင်ခဲ့ပြီးတော့ ဟာရီကိန်းဟာ သွင်းဂိုး (၂၅)ဂိုးအဖြစ် သတ်မှတ်ခံခဲ့ရပြီး လက်ရှိမှာ သူတို့နှစ်ဦးကြား ဂိုးကွာဟချက်ဟာ (၄) ဂိုးပဲ ရှိပါတော့တယ်။

play

 

ပရီးမီးယားလိဂ်အဖွဲ့ချုပ်ရဲ့ ဟာရီကိန်းရဲ့ သွင်းဂိုးအဖြစ် သတ်မှတ်ပြီး သိပ်မကြာခင်မှာပဲ ဆာလာဟာ သူ့ရဲ့ တွစ်တာမှာ " ၀ိုး..............တကယ်ကြီးလား" ဆိုပြီးတော့ ရေးသားလှောင်ပြောင်ခဲ့တာ ဖြစ်ပါတယ်။ ဟာရီကိန်းအနေနဲ့ စတုတ်စီးတီးနဲ့ ပွဲစဉ်မှာ စပါးအသင်း ရရှိခဲ့တဲ့ သွင်းဂိုးကို သူ့ရဲ့သွင်းဂိုးအဖြစ် သတ်မှတ်ခံခဲ့ရကြောင်းကို ပရီးမီးယားလိဂ်အဖွဲ့ချုပ်က အတည်ပြုပြောကြားခဲ့တာလည်း ဖြစ်ပါတယ်။

play

 

အဲရစ်ဆန်ရဲ့ အလွတ်တည်ကန်ဘောကို ဟာရီကိန်းက ခေါင်းတိုက်သွင်းယူခဲ့ပေမယ့် ရုပ်သံအနှေးပြကွက်များအရ ဟာရီကိန်းနဲ့ ထိမိခဲ့ခြင်း မရှိခဲ့ပေမယ့်လည်း စပါးအသင်းက အယူခံဝင်ခဲ့တာဖြစ်ပါတယ်။ အဆုံးသတ်မှာတော့ စပါးအသင်းရဲ့ အယူခံဝင်မှုဟာ အောင်မြင်ခဲ့ပြီး ဟာရီကိန်းရဲ့ ဒီနှစ်ဘောလုံးရာသီ ပရီးမီးယားလိဂ်သွင်းဂိုး စုစုပေါင်းဟာ (၂၅)ဂိုး ဖြစ်သွားခဲ့ပြီ ဖြစ်ပါတယ်။

Source : Metro

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD