AD
AD
AD

အာဆင်နယ်အသင်းရဲ့နည်းပြ အာစင်ဝင်းဂါးက ဒဏ်ရာရရှိနေတဲ့ ကွင်းလယ်ကစားသမား မစ်ခီတာယန်ရဲ့ ဒဏ်ရာအခြေိအနေနဲ့ ပတ်သက်ပြီး ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

play

 

အာစင်ဝင်းဂါးဟာ ဒူးဒဏ်ရာရရှိနေတဲ့ မစ်ခီတာယန်ကို လာမယ့်နှစ်ပတ်အကြာမှာ ပြန်လည်သက်သာလာမယ်လို့ ထင်ကြောင်း ပြောကြားခဲ့ပြီး မစ်ခီတာယန်ဟာ ပြီးခဲ့တဲ့ ယူရိုပါလိဂ်ကွာတားဖိုင်နယ် ပထမအကျော့ပွဲစဉ် အက်စ်ကေအေမော်စကိုအသင်းကို ၄ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ ပွဲစဉ်မှာ ဒူးအရွတ်ဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်။

play

 

စီအက်စ်ကေအေမော်စကိုအသင်းနဲ့ တစ်ဖက် ၂ ဂိုးစီ သရေရလဒ်ထွက်ပေါ်ခဲ့တဲ့ ဒုတိယအကျော့ပွဲစဉ်အပြီးမှာ အာစင်ဝင်းဂါးက မစ်ခီတာယန်ရဲ့ ဒဏ်ရာနဲ့ပတ်သက်ပြီး ပြောကြားခဲ့တာဖြစ်ပါတယ်။

play

 

"ဟုတ်ပါတယ်။ အရွတ်ဒဏ်ရာရရှိနေပြီး ၂ ပတ်ကျော်လောက် အနားယူရမှာပါ၊ အရမ်းကြီး စိတ်မပူပါနဲ့။ ကျွန်တော်တို့မှာ ကောင်းမွန်တဲ့ဆေးဝန်ထမ်းတွေရှိပြီး သူကလည်း ကုသမှုမှာ စိတ်အားထက်သန်နေပါတယ်"လို့ ပြောကြားခဲ့ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD