AD
AD
AD

ပြီးခဲ့တဲ့နွေရာသီက ရိုးမားအသင်းကနေ လီဗာပူးအသင်းကို ပြောင်းရွှေ့လာခဲ့ပြီး ယခုရာသီမှာ အကောင်းဆုံးခြေစွမ်းနဲ့ ပရီးမီးယားလိဂ်သွင်းဂိုး ၂၉ ဂိုးအထိ သွင်းယူပေးထားတဲ့ မိုဟာမက်ဆာလာဟာ လီဗာပူးအသင်းကို ချန်ပီယံဆီမီးဖိုင်နယ်ကို ရောက်ရှိအောင်လည်း ကူညီပေးနိုင်ခဲ့ပါတယ်။

play

 

မိုဟာမက်ဆာလာကို ဘာစီလိုနာအသင်းနဲ့ ရီးရဲမက်ဒရစ်အသင်းတို့က ခေါ်ယူဖို့စိတ်ဝင်နေကြပြီး အပြောင်းအရွှေ့ကိစ္စနဲ့ပတ်သက်ပြီး မိုဟာမက်ဆာလာနဲ့ ယာဂန်ကလော့ပ်တို့ ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။ လီဗာပူးအသင်းရဲ့နည်းပြယာဂန်ကလော့ပ်က အပြောင်းအရွှေ့ ကိစ္စနဲ့ပတ်သက်ပြီး စိတ်ချကြောင်း ပြောကြားခဲ့ပါတယ်။

play

 

"မိုဟာမက်ဆာလာ ဒီမှာ အရမ်းကို သက်တောင့်သက်သာဖြစ်နေတယ်လို့ ကျွန်တော် သိနေပါတယ်။ ကျွန်တော်တို့အသင်းကစားတဲ့ပုံစံက သူနဲ့အရမ်းကို လိုက်ဖက်တယ်ဆိုတာ သူကောင်းကောင်းသိပါတယ်။ အဲဒီအတွက် အပြောင်းအရွှေ့ကိစ္စနဲ့ပတ်သက်ပြီး ကျွန်တော် စိုးရိမ်မှု မရှိပါဘူး"လို့ ပြောကြားခဲ့ပါတယ်။

 

မိုဟာမက်ဆာလာကလည်း လီဗာပူးအသင်းမှာရှိနေရတာကို ပျော်ရွှင်ကြောင်း ပြောကြားခဲ့ပြီး အသင်းမှာပဲ ဆက်လက်ရှိနေမယ်လို့ ပြောကြားခဲ့ပါတယ်။

play

 

"လီဗာပူးအသင်းအတွက် ကစားပေးနေရတာ အရမ်းကို ထူးခြားတဲ့အရာတစ်ခုပါပဲ။ ချန်ပီယံလိဂ်ပွဲစဉ်ညဟာလည်း လီဗာပူးအသင်း ပရိသတ်တွေအတွက် ထူးခြားတဲ့ညတစ်ညပါပဲ။ အဲဒါကို ခင်ဗျား လမ်းမတွေပေါ်မှာလည်း ခံစားမိနိုင်ပါတယ်၊ မန်ချက်စတားစီးတီးအသင်းနဲ့ ပထမအကျော့တွေ့ဆုံတဲ့ ပွဲစဉ်ကတည်းက အဲဒီလိုခံစားမှုကို ကျွန်တော် သိခဲ့တာပါ။ မဲခွဲပြီးသွားတဲ့အချိန်မှာ အားလုံးက အရမ်းခက်ခဲတဲ့ ပွဲစဉ်ဖြစ်လာမယ်ဆိုတာ သိခဲ့ကြပါတယ်။ ဒါပေမယ့် ကျွန်တော်တို့အနေနဲ့ အကောင်းမြင်စိတ်ထားပြီး အနိုင်ယူရမယ်လို့ ကျွန်တော် ပြောခဲ့ပါတယ်။ အဲဒါကို ကျွန်တော်တို့ လုပ်နိုင်ခဲ့ပါတယ်"လို့ ပြောကြားခဲ့ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD