AD
AD
AD

လီဗာပူးလ်တိုက်စစ်မှူး မိုဟာမက်ဆာလာက ဒီနှစ်ဘောလုံးရာသီမှာ ပရီးမီးယားလိဂ်သွင်းဂိုး (၃၁) ဂိုးထက် ပိုမိုသွင်းယူပြီး စံချိန်သစ်တင်ဖို့အတွက် ရည်မှန်းထားတယ်လို့ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ လက်ရှိမှာ ဆာလာရဲ့ ပရီးမီးယားလိဂ်သွင်းဂိုးဟာ (၂၉)အထိ ရှိနေတာ ဖြစ်တာမို့ သူ့ရဲ့ ရည်မှန်းချက်ဟာ အထမြောက်လာဖွယ်လည်း ရှိနေပါတယ်။

play

 

ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက်မှာ အမှတ်ပေးပွဲ (၃၈) ပွဲ ကစားပြီး  ဂိုးအများဆုံးသွင်းယူနိုင်ခဲ့တဲ့သူတွေကတော့ အလန်ရှီးယား၊ စီရော်နယ်ဒို နဲ့ လူးဝစ်ဆွာရက်ဇ်တို့ဖြစ်ပြီး သီယာရီအွန်နရီ နဲ့ ရော်ဘင်ဗန်ပါစီတို့ကတော့ (၃၀) ဂိုးအထိ သွင်းယူပြီးတော့ စံချိန်မှတ်တမ်းတင်ရှိထားတာဖြစ်ပါတယ်။ ဆာလာအနေနဲ့ စံချိန်သစ်တင်နိုင်ဖို့ဆိုရင် လက်ကျန်ပွဲတွေမှာ (၃)ဂိုးမျှ သွင်းယူနိုင်ရုံနဲ့ ပရီးမီးယားလိဂ်သမိုင်းမှာ စံချိန်သစ်တင်နိုင်တော့မှာလည်း ဖြစ်ပါတယ်။

play

 

" ပရီးမီးယားလိဂ်မှာ သွင်းဂိုးမှတ်တမ်းတွေကို ရိုက်ချိုးဖို့အတွက် တိုက်ပွဲဝင်နေရတဲ့အပေါ်မှာ ကိုယ့်ကိုကိုယ် ဂုဏ်ယူမိပါတယ်၊ ကျွန်တော်က တစ်ပွဲချင်းစီအပေါ်မှာ အာရုံစိုက်ပြီး ချဉ်းကပ်လေ့ရှိပါတယ်" လို့ ဆာလာက ပြောကြားခဲ့ပါတယ်။

play

 

ဆာလာဟာ မတ်လအတွက် အကောင်းဆုံးကစားသမားဆုကိုလည်း ဆွတ်ခူးရရှိခဲ့တာလည်း ဖြစ်ပါတယ်။ ဒီဆုကို ဆွတ်ခူးနိုင်မှုဟာ ဆာလာအတွက် တစ်ရာသီအတွင်းမှာ (၃)ကြိမ်မြောက် ဖြစ်လာခဲ့သလို ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက်မှာလည်း တစ်လတာ အကောင်းဆုံး ကစားသမားဆုကို တစ်ရာသီအတွင်း (၃) ကြိမ် ရရှိတဲ့ ပထမဆုံး ကစားသမားအဖြစ်လည်း မှတ်တမ်းဝင်ခဲ့တာဖြစ်ပါတယ်။ ဒီဆုကို လက်ခံရယူအပြီးမှာ ဆာလာက သူ့ရဲ့ ရည်မှန်းချက်တွေကို ထုတ်ဖော်ပြောကြားခဲ့တာလည်း ဖြစ်ပါတယ်။

play

 

" ဂိုးတွေသွင်းချင်တယ်၊ အသင်းအနိုင်ရရှိအောင် ပိုပြီးတော့ ကူညီချင်တယ်၊ ဒါက ကျွန်တော့်ရဲ့ ပစ်မှတ်တွေပါပဲ၊ လက်ကျန်ပွဲစဉ် (၅)ပွဲ ကျန်ရှိနေသေးတာမို့ ကျွန်တော့်အတွက်တော့ အခွင့်အရေးအများကြီး ရရှိသလိုပါပဲ၊ ဘယ်လိုတွေဖြစ်လာမယ်ဆိုတာ စောင့်ကြည့်ကြတာပေါ့" လို့လည်း ဆာလာက ထပ်မံပြောကြားခဲ့ပါတယ်။

Source : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD