AD
AD
AD

တနင်္ဂနွေနေ့ နံနက် (၁း၁၅) နာရီမှာတော့ ဒီတစ်ပတ် ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးပွဲစဉ်တစ်ပွဲဖြစ်တဲ့ တော့တင်ဟမ်ဟော့စပါး နဲ့ မန်စီးတီးတို့ရဲ့ ပွဲကို ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။ မန်စီးတီးအသင်းကတော့ ပရီးမီးယားလိဂ်ဆုဖလားနဲ့ လက်တစ်ကမ်းအကွာကို ရောက်နေပြီး စပါးအသင်းကလည်း ချန်ပီယံလိဂ်ဝင်ခွင့် ပိုမိုသေချာစေဖို့နဲ့ အမှတ်ပေးဇယားရဲ့ အဆင့်(၃) နေရာကို တက်လှမ်းဖို့ ရည်မှန်းထားတာကြောင့် အကြိတ်အနယ်ရှိလာမယ့် ပွဲစဉ်တစ်ပွဲလည်း ဖြစ်ပါတယ်။

 

စိတ်ဝင်စားဖွယ် အချက်အလက်များ

play

 

- စပါးအသင်းဟာ ပရီးမီးယားလိဂ်မှာ (၁၄) ပွဲဆက်တိုက် ရှုံးပွဲမရှိထားပဲ ခြေစွမ်းတည်ငြိမ်နေတဲ့ အသင်းဖြစ်ပါတယ်။

 

- မန်စီးတီးကတော့ သူတို့ရဲ့နောက်ဆုံး (၃)ပွဲကို ရှုံးနိမ့်ထားပြီး အဲဒီထဲက (၂)ပွဲဟာ အိမ်ကွင်းမှာပဲ အရေးနိမ့်ခဲ့တာ ဖြစ်ပါတယ်။

 

- မန်စီးတီးအနေနဲ့ စပါးအသင်းကို အနိုင်ရခဲ့ပြီး တစ်ဖက်မှာ မန်ယူက ၀က်ဘရွန်းကို ရှုံးနိမ့်ခဲ့မယ်ဆိုရင် ပရီးမီးယားလိဂ်ဆုဖလားကို ရရှိသွားမှာ ဖြစ်ပါတယ်။

 

- မန်စီးတီးအသင်းဟာ စပါးအသင်းရဲ့ အိမ်ကွင်းမှာ (၂)နှစ်ဆက်တိုက် အရေးနိမ့်ထားပါတယ်။

 

- နောက်ဆုံး (၅)ကြိမ်တွေ့ဆုံမှုမှာတော့ မန်စီးတီးအနေနဲ့ တစ်ပွဲသာအနိုင်ရခဲ့ပြီး (၃) ပွဲအထိ သရေကျခဲ့ပါတယ်။

 

- စပါးကွင်းလယ်လူ အဲရစ်ဆင်ကတော့ (၃)ပွဲဆက်တိုက် ဂိုးသွင်းယူနိုင်ခဲ့ပြီးတော့ ဒါဟာ စပါးကစားသမားဘ၀ ပထမဆုံးအကြိမ်လည်း ဖြစ်ပါတယ်။

 

- မန်စီးတီးတိုက်စစ်မှူး အဂူရိုကတော့ စပါးအသင်းဘက်ကို (၁၀) ဂိုးအထိ သွင်းယူထားတဲ့ တိုက်စစ်မှူးဖြစ်ပါတယ်။

play

 

ဒဏ်ရာရ/ပွဲပယ် သတင်း

 

- စပါးနောက်ခံလူ ဒန်နီရို့စ်ကတော့ ခြေသလုံးကြွက်သားဒဏ်ရာ အနည်းငယ်ရရှိထားတယ်လို့ သိရပါတယ်။ စတုတ်စီးတီးနဲ့ပွဲမှာ ရို့စ်ဟာ ပွဲချိန်ပြည့် ပါဝင်ကစားခဲ့ပါတယ်။ အသေးစားဒဏ်ရာလို့လည်း သတင်းများက ဖော်ပြကြပါတယ်။

play

 

- မန်စီးတီးတိုက်စစ်မှူး အဂူရိုကတော့ ဒူးဒဏ်ရာအရှင်းမပျောက်သေးပဲ ဒီပွဲစဉ်ကို လွဲချော်ဖွယ်ရှိတယ်လို့ သိရပါတယ်။ နောက်ခံလူ မန်ဒီကတော့ ကြံ့ခိုင်မှုပြန်လည်ပြည့်ဝနေပြီး အသင်းအတွက် ပြန်ကစားပေးဖို့ နီးစပ်နေပါတယ်။

 

နည်းပြပြောစကား

 

" ဘယ်သူပဲ ဂိုးသွင်းသွင်းပါ ကျွန်တော်ကတော့ ရမှတ် (၃)မှတ်အတွက်ပဲ အာရုံစိုက်ပါတယ်၊ ဟာရီကိန်းရဲ့ သွင်းဂိုးအတွက် အယူခံဝင်မှုမှာ ကျွန်တော့်ရဲ့ ဆုံးဖြတ်ချက် တစ်စုံတစ်ရာ ပါဝင်ပတ်သက်မှုမရှိခဲ့ပါဘူး၊ ဒီသွင်းဂိုးအတွက်တော့ ဟာရီကိန်းနဲ့ အဲရစ်ဆင်တို့ သဘောတူညီမှု ရရှိခဲ့တယ်လို့ ထင်ပါတယ်၊ ဒါပေမယ့် ဒီအကြောင်းနဲ့ ပတ်သက်ပြီးတော့ ဘယ်လိုဖြစ်သွားသလဲဆိုတာတော့ ဘယ်သူမှ ကျွန်တော့်ကို ပြောကြားခြင်းမရှိခဲ့ပါဘူး၊ကျွန်တော့်အသင်းဟာ အမှတ်ပေးဇယား အဆင့်(၄) အတွက် တိုက်ပွဲဝင်နေတာဖြစ်ပြီးတော့ ချန်ပီယံလိဂ်ဝင်ခွင့်ရခဲ့ရင် အသင်းဟာ (၃)နှစ်ဆက်တိုက် ၀င်ရောက်ယှဉ်ပြိုင်ခွင့် ရရှိတော့မှာပါ" - ပိုချက်တီနို (စပါးနည်းပြ)

play

 

" အဂူရိုက လီဗာပူးလ်နဲ့ပွဲမတိုင်ခင်ကတည်းက ဒဏ်ရာရရှိနေတာပါ၊ အသင်းအတွက် အရဲစွန့်ပြီး သူ့ကိုအသုံးပြုခဲ့ရပါတယ်၊ ပြီးခဲ့တဲ့ရာသီကထက်စာရင် အသင်းဟာ ပိုပြီးတော့ ကောင်းမွန်လာပါတယ်၊ နောက်ဘောလုံးရာသီမှာ ပိုပြီးတော့ မာကျောတောင့်တင်းတဲ့

အသင်းအဖြစ် ပြန်လာနိုင်ဖို့ ကြိုးစားသွားမှာပါ၊ မန်စီးတီးအသင်းဟာ တကယ့်ကို အံ့အားသင့်ဖွယ်ကောင်းလောက်တဲ့ အသင်းကောင်းတစ်သင်းပါ" - ဂွာဒီယိုလာ (မန်စီးတီးနည်းပြ)

play

 

လော်ရိုး၏ ခန့်မှန်းချက်

 

စပါး ၁-၁ မန်စီးတီး

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD