AD
AD
AD

မန်ချက်စတာစီးတီးအသင်းအနေနဲ့ အမှတ်ပေးဖလားကို ဆုံးရှုံးရမှုနဲ့လည်း ရင်ဆိုင်ရဖွယ်ရှိတယ်လို့ မန်စီးတီးနည်းပြ ဂွာဒီယိုလာက အံ့အားသင့်ဖွယ် ပြောကြားလိုက်ပါတယ်။ မန်စီးတီးအသင်းဟာ ဒုတိယနေရာမှ မန်ယူအသင်းကို (၁၃) မှတ်ဖြတ်ထားပြီးတော့ လက်ကျန်ပွဲစဉ် (၆)ပွဲ ကစားရမှာလည်း ဖြစ်ပါတယ်။

play

 

မန်စီးတီးကတော့ တနင်္ဂနွေနေ့မှာ (မြန်မာစံတော်ချိန် နံနက် ၁း၁၅) စပါးအသင်းရဲ့ ကွင်းမှာ သွားရောက် ကစားရမှာဖြစ်ပြီးတော့ နောက်ဆုံး (၃)ပွဲဆက် ရှုံးနိမ့်ထားတဲ့ အသင်းလည်းဖြစ်ပါတယ်။ ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ ဂွာဒီယိုလာက အထက်ပါတိုင်း ပြောဆိုခဲ့တာလည်း ဖြစ်ပါတယ်။

play

 

" ဘောလုံးမှာ ဘာမဆိုဖြစ်သွားနိုင်ပါတယ်၊ နိုဝင်ဘာနဲ့ဒီဇင်ဘာလတုန်းက ကျွန်တော်တို့ဟာ အမှတ်ပေးဖလားကို အရယူဖို့ အသင့်ဖြစ်နေခဲ့ပြီလို့ အားလုံးက ထင်မြင်ခဲ့သလို ကျွန်တော်ကိုယ်တိုင်လည်း ပြောကြားခဲ့ဖူးတာပါ၊ မန်စီးတီးအနေနဲ့ အမှတ်တွေ ထပ်မံ လျော့ပါးစရာလည်း ရှိနိုင်ပါတယ်" လို့ ဂွာဒီယိုလာက ပြောကြားခဲ့ပါတယ်။

play

 

" မန်ယူအသင်းဟာ နိုင်ပွဲရပြီး အမှတ်တွေ ထပ်ယူသွားနိုင်ဖို့ ရှိနေပါတယ်၊ သူတို့ဟာ အသင်းကောင်းတစ်သင်းဖြစ်ပြီးတော့ ထိပ်တန်းကစားသမားတွေကိုလည်း ပိုင်ဆိုင်ထားပါတယ်၊ သူတို့အနေနဲ့ လက်ကျန် (၆)ပွဲစလုံးကို အနိုင်ရရှိသွားနိုင်ပါတယ်၊ ဒါပေမယ့်လည်း ချန်ပီယံဖြစ်ခွင့်က  ကျွန်တော်တို့လက်ထဲမှာပါ၊ သိပ်ကိုကောင်းမွန်တဲ့ အခွင့်အရေးလည်း ဖြစ်ပါတယ်၊ ဒါပေမယ့် တစ်ပတ်အတွင်းမှာ ကျွန်တော်တို့ဟာ (၃)ပွဲ ရှုံးနိမ့်ခဲ့တာကြောင့် လက်ကျန်ပွဲတွေကို အာရုံစူးစိုက်ပြီး ကြိုးစားရမှာလည်း ဖြစ်ပါတယ်" လို့ ဂွာဒီယိုလာက မန်ယူအသင်းလည်း အမှတ်ပေးဖလားအတွက် အခွင့်အရေးရှိနေသေးတယ်လို့ ပြောကြားသွားခဲ့ပါတယ်။

play

 

မန်စီးတီးအနေနဲ့ စပါးကို အနိုင်ရပြီး မန်ယူအသင်းက ၀က်ဘရွန်းစ်ကို ရှုံးနိမ့်ခဲ့ရင် အမှတ်ပေးဖလားကို ရရှိသွားမှာလည်း ဖြစ်ပါတယ်။ နှစ်သင်းစလုံးအနေနဲ့ အနိုင်ရခဲ့မယ်ဆိုရင်တော့ ဧပြီလ (၂၂) ရက်နေ့မှာ ကစားရမယ့် ဆွမ်ဆီးအသင်းနဲ့ အိမ်ကွင်းပွဲစဉ်မှာ အနိုင်ရမယ်ဆိုရင် မန်စီးတီးအသင်းဟာ အမှတ်ပေးဖလားကို ရရှိတော့မှာ ဖြစ်ပါတယ်။

play

 

စပါးအသင်းနဲ့ ပွဲစဉ်အပါအ၀င် မန်စီးတီးရဲ့ လက်ကျန်ပွဲစဉ်တွေကတော့ - မန်စီးတီး - ဆွမ်ဆီး၊ ၀က်စ်ဟမ်း - မန်စီးတီး၊ မန်စီးတီး - ဟတ်ဒါဖီးလ်၊ မန်စီးတီး - ဘရိုက်တန်၊ ဆောက်သမ်တန် - မန်စီးတီး တို့ ဖြစ်ပါတယ်။ ဒါကြောင့် ပွဲစဉ်အနေအထားအရ မန်စီးတီးဟာ တန်းဆင်းဇုန်အသင်းတွေနဲ့ ကစားရမှာ ဖြစ်လို့ အကြိတ်အနယ်ကစားရဖွယ် ရှိနေပေမယ့် ခြေစွမ်းပိုင်းအရဆိုရင်တော့ မန်စီးတီးဟာ လွယ်လွယ်ကူကူ အနိုင်ရရှိဖို့လည်း ရှိနေခဲ့ပါတယ်။

Source : BBC

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD