AD
AD
AD

ဝင်ဘလေမှာ ကစားခဲ့တဲ့ ပွဲစဉ်မှာတော့ မန်စီးတီးအသင်းဟာ နောက်ဆုံး (၃)ပွဲဆက် အရှုံးကို ရပ်တန့်နိုင်ခဲ့ပြီးတော့ စပါးအသင်းကို ခြေစွမ်းပြအနိုင်ယူကာ ပရီးမီးယားလိဂ်ဆုဖလားကို ရရှိဖို့အတွက် ပိုမိုပြီး သေချာသွားခဲ့ပြီဖြစ်ပါတယ်။ ဒီနေ့ပွဲစဉ်မှာတော့ အိမ်ရှင်စပါးအသင်း ဟာ သူတို့ရဲ့ ပုံမှန်လူစာရင်းအတိုင်းပဲ ပွဲထွက်လာခဲ့ပြီး ဆွန်ဟောင်မင်နေရာမှာ လာမယ်လာကို ထည့်သွင်းအသုံးပြုခဲ့တာပဲ ရှိခဲ့ပါတယ်။

play

 

မန်စီးတီးအသင်းကတော့ အဂူရို ဒဏ်ရာကြောင့် မပါဝင်ုနိုင်တာကလွဲပြီး အင်အားအပြည့်အ၀နဲ့ အဝေးကွင်းမှာ ရင်ဆိုင်ခဲ့ပါတယ်။ ဂါဘရီရယ်ဂျီးဆပ်၊ စတာလင် ၊ ဆာနေးတို့ရဲ့ လျှင်မြန်တဲ့ကစားဟန်နဲ့ မန်စီးတီးအသင်းဟာ ဖိအားပေးနိုင်ခဲ့ပြီး စပါးအနေနဲ့ မန်စီးတီးရဲ့ တိုက်စစ်ကို ဂရုစိုက် ကာကွယ်နေခဲ့ရပါတယ်။ ပထမပိုင်းအစပိုင်း အချိန်တွေမှာကတည်းက မန်စီးတီးက တရစပ်ဖိအားပေးနိုင်ခဲ့ပြီး ရရှိခဲ့အခွင့်အရေးတွေကို အသုံးမချနိုင်ခဲ့သလို ဆာနေးရဲ့ လှပတဲ့ကန်ချက်ဟာလည်း တိုင်တိထွက်ခဲ့တာကြောင့် စပါးသက်သာရာ ရခဲ့ပါတယ်။

play

 

ဒါပေမယ့်လည်း ပွဲချိန် ၂၂ မိနစ်မှာတော့ ကွန်ပနီရဲ့ ဖန်တီးပေးမှုကတဆင့် ဂျီးဆပ်က ဦးဆောင်ဂိုး သွင်းယူပေးနိုင်ခဲ့ပါတယ်။ ဂိုးပေးလိုက်ရပြီးနောက် စပါးအနေနဲ့ ကစားကွက်အနည်းငယ် ပျက်သွားခဲ့ပြီး ဆက်တိုက်ဆိုသလိုပဲ ဂိုးသမားလိုရစ်ရဲ့ ဖျက်ထုတ်မှုကြောင့် ပယ်နယ်တီပေးခဲ့ရပြီး ဒီ ပယ်နယ်တီကိုတော့ ဂန်ဒိုဂန်က အပိုင်ကန်သွင်းပြီး မန်စီးတီးအသင်းကို ၂ဂိုးအသာနဲ့ ဦးဆောင်စေခဲ့ပါတယ်။

play

 

၂ဂိုးပေးရပြီးနောက်ပိုင်းမှာလည်း မန်စီးတီးက ကွင်းလယ်ပိုင်းအသာစီးအရယူပြီး ပွဲကိုထိန်းချုပ်နိုင်ခဲ့ပါတယ်။ စပါးအနေနဲ့ လာမယ်လာရဲ့ ညာခြမ်းဘက်က တိုက်စစ်ဆင်ဖို့ ကြိုးစားခဲ့ပေမယ့် လာမယ်လာ ပုံမှန်ခြေစွမ်းမပြနိုင်ခဲ့လို့ ထိရောက်မှုမရှိခဲ့ပါဘူး။ ပွဲချိန် ၄၂ မိနစ်မှာတော့ အဲရစ်ဆင်ရဲ့ ဧရိယာအတွင်း ပိတ်သွင်းမှုဟာ မန်စီးတီးနောက်ခံလူနဲ့ထိပြီး အဲရစ်ဆင်ကို ပြန်လည်ထိပြီး ဂိုးထဲဝင်ခဲ့တာကြောင့် စပါးချေပဂိုး ရခဲ့ပြီး ပထမပိုင်း ပြီးဆုံးခဲ့ပါတယ်။

play

 

ဒုတိယပိုင်းမှာတော့ လာမယ်လာနေရာမှာ ဆွန်ဟောင်မင်ကို ထည့်သွင်းခဲ့ပြီး ဒမ်ဘီလီနေရာမှာ လူးကပ်မော်ရာကို လူစားလဲလှယ်ခဲ့ကာ ပိုချက်တီနိုက ချေပဂိုးရဖို့ ပြင်ဆင်ခဲ့ပါတယ်။ မန်စီးတီးကလည်း ဆာနေးနေရာမှာ အော်တာမန်ဒီ၊ ဂျီးဆပ်နေရာမှာ ဘာနာဒိုဆေးဗားတို့ ထည့်သွင်းခဲ့ပြီး ပွဲကို ပိုမိုထိန်းချုပ်ဖို့ ကြိုးစားခဲ့ပါတယ်။

play

 

ပွဲချိန် ၇၂ မိနစ်မှာတော့ စတာလင်က မန်စီးတီးအတွက် နောက်ဆုံးအနိုင်ဂိုးကို သွင်းယူပေးခဲ့ပြီး အဝေးကွင်းမှာ စပါးကို သိသိသာသာအသာစီးရယူနိုင်ခဲ့ပါတယ်။  စပါးအနေနဲ့ ဒီနေ့ပွဲမှာ ခါတိုင်းပွဲတွေလို တိုက်စစ်ပိုင်းက အခွင့်အရေးမရခဲ့ပဲ ကွင်းလယ်မှာပဲ ဘောလုံးအပျက် များနေခဲ့ပြီး မန်စိးတီးရဲ့ စနစ်တကျ ထိန်းချုပ်မှုအောက်မှာ အရှုံးပေးခဲ့ရတာပဲ ဖြစ်ပါတယ်။

play

 

ဒီနိုင်ပွဲကြောင့် မန်စီးတီးအသင်းအနေနဲ့ လာမယ့်ပွဲစဉ်အဖြစ် အိမ်ကွင်းမှာ ဆွမ်ဆီးနဲ့ကစားရမယ့်ပွဲကို အနိုင်ရခဲ့မယ်ဆိုရင် ပရီးမီးယားလိဂ်ဆုဖလားကို ရရှိတော့မှာ ဖြစ်ပါတယ်။ ဒီနေ့ကစားရမယ့် မန်ယူအသင်းရဲ့ ပွဲမှာ မန်ယူအသင်းရှုံးနိမ့်ခဲ့မယ်ဆိုရင်တော့ မန်စီးတီးအနေနဲ့ နောက်ထပ်ပွဲစဉ်တစ်ပွဲကို စောင့်ကြည့်နေဖို့လည်း မလိုတော့ပဲ ဖလားရရှိသွားတော့မှာ ဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD