AD
AD
AD

မန်စီးတီးနည်းပြ ဂွာဒီယိုလာဟာ ဘိုင်ယန်မြူးနစ်ကစားသမား သီယာဂိုအယ်လ်ကန်တာရာကို ခေါ်ယူဖို့အတွက် လာမယ့်နွေရာသီဈေးကွက်မှာ ကြိုးစားသွားမယ်လို့ သိရပါတယ်။ သီယာဂိုဟာ ဂွာဒီယိုလာနဲ့အတူ ဘာစီလိုနာ၊ ဘိုင်ယန်မြူးနစ်အသင်းတို့မှာ လက်တွဲခဲ့ဖူးပြီး စပိန်အသင်းရဲ့ ဇာဗီလက်သစ်လို့ တင်စားခြင်းခံရသူလည်း ဖြစ်ပါတယ်။

play

 

အသက်အရွယ်ပိုင်းအရ အကျပိုင်းရောက်လာနိုင်တဲ့ ဒေးဗစ်ဆေးဗားလ်၊ ဖာနန်ဒင်ဟို နဲ့ ယာယာတိုရေးတို့ရဲ့နေရာကို အစားထိုးဖို့အတွက် ဂွာဒီယိုလာက ပစ်မှတ်ထားနေတာဖြစ်ပြီးတော့ ဂွာဒီယိုလာကိုယ်တိုင်ကလည်း ဆေးဗားလ်ဟာ နောက်ရာသီမှာ ပွဲတိုင်းမကစားနိုင် လောက်တော့ဘူးလို့ ပြောကြားခဲ့ဖူးပြီး သူ့ရဲ့ အသင်းကို အကြီးစားပြင်ဆင်မှုတွေ ပြုလုပ်သွားဖို့လည်း ကြံစည်နေတာဖြစ်ပါတယ်။

play

 

ဘာစီလိုနာအသင်းမှ ထွက်ခွာပြီး ဘိုင်ယန်မြူးနစ်ကို ကိုင်တွယ်ခဲ့ပြီးနောက် ဂွာဒီယိုလာဟာ သီယာဂိုကို ခေါ်ယူခဲ့ပြီး အဲဒီတုန်းကတော့ မန်ချက်စတာယူနိုက်တက်အသင်းနဲ့အပြိုင် ကြိုးစားခေါ်ယူခဲ့တာ ဖြစ်ပါတယ်။ သီယာဂိုနဲ့ ဘိုင်ယန်မြူးနစ်တို့ဟာ ၂၀၂၁ခုနှစ်အထိ စာချုပ်သက်တမ်းရှိနေပြီး ဂွာဒီယိုလာက အသင်းကို အရခေါ်ယူဖို့ ယုံကြည်နေကြောင်းလည်း သိရှိရပါတယ်။

play

 

မန်စီးတီးအသင်းအနေနဲ့ အနာဂတ်အတွက် ရည်ရွယ်ပြီး လူငယ်ကစားသမားတွေနဲ့ အသင်းကို တည်ဆောက်နေတာဖြစ်ပြီးတော့ လာမယ့်နွေရာသီမှာ ဂွာဒီယိုလာဟာ အနည်းဆုံး ကစားသမား (၃)ဦးအထိ ခေါ်ယူဖို့ ပစ်မှတ်ထားနေတာလည်း ဖြစ်ပါတယ်။ ယာယာတိုရေး၊ မန်ဂါလာ၊ အဂူရို အစရှိတဲ့ ကစားသမားတွေ အသင်းကထွက်ခွာဖွယ် ရှိနေပြီး ပြန်လည်အစားထိုးရာမှာ လူငယ်တွေကို ဦးစားပေးပြီး ခေါ်ယူဖို့ စီစဉ်နေတာလည်း ဖြစ်ပါတယ်။

play

 

ဂွာဒီယိုလာရဲ့ ဦးစားပေးပစ်မှတ်ဟာ တပည့်ဟောင်း သီယာဂိုဖြစ်ပြီးတော့ သူနဲ့ကစားသမားကြား (၃) သင်းမြောက် လက်တွဲမှု ဖြစ်လာမလားဆိုတာကိုတော့ နွေရာသီအပြောင်းအရွှေ့မှာ အဖြေပေါ်လာတော့မှာ ဖြစ်ပါတယ်။ ချန်ပီယံလိဂ်မှာ ကွာတားဖိုင်နယ်က ထွက်ခွာခဲ့ရအပြီး ဂွာဒီယိုလာဟာ အသင်းကို ထပ်မံအင်အားဖြည့်တင်းဖို့ လိုအပ်နေသေးကြောင်းလည်း ပြောကြားခဲ့ပါသေးတယ်။

Source : DailyMail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD